သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yasser Arafat ရုပ်ကြွင်း စစ်ဆေးဖို့ ပြန်တူးဖော်


ပါလက်စတိုင်း ခေါင်းဆောင်ဟောင်း ရာဆာအာရာဖတ် သေခဲ့ရတဲ့အကြောင်းရင်းကို လေ့လာ သိရှိနိုင်ဖို့ သူ့ရဲ့ရုပ်အလောင်းကို စစ်ဆေးစမ်းဆေးဖို့ အတွက် နိုင်ငံတကာ ကျွမ်းကျင်သူတွေက အလောင်းကို ပြန်လည် တူးဖော်ခဲ့ကြတာမှာ အခု အလောင်းကို ပြန်လည် မြှုပ်နှံလိုက်ပြီလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ရာမာလာ မြို့မှာရှိတဲ့ ကြီးမားတဲ့ ဂူဗိမန်ကနေ အင်္ဂါနေ့ အစော ပိုင်းက မစ္စတာ အာရာဖက်ရဲ့အလောင်းကို ကျွမ်းကျင်သူတွေက ပြန်လည် တူးဖော်ခဲ့ကြတယ်လို့ တာဝန်ရှိ သူတွေ က ပြောပါတယ်။

သူ့ရဲ့ ရုပ်ကြွင်း အစအန နမူနာတွေကို ပြင်သစ်၊ ဆွစ်ဇာလန်၊ ရုရှားနဲ့ ပါလက်စတိုင်း ကျွမ်းကျင် သူတွေဆီ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ လေ့လာစစ်ဆေးကြမှာ ဖြစ်ပါတယ်။ အာရာဖတ်ရဲ့ဇနီးဖြစ်သူ ပေးလာတဲ့ အာရာဖတ်ရဲ့ အဝတ်အစားပေါ်မှာ ရေဒီယိုသတ္တိကြွ ပိုလိုနီယံ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရှာတွေ့ခဲ့ပြီးတဲ့နောက် သူ သေဆုံးခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ စစ်ဆေးဖို့ ပြင်သစ်အာဏာပိုင်တွေက ဒီနှစ်အစောပိုင်းက အမိန့်ထုတ်ခဲ့တာပါ။

ဒါပေမဲ့ ရေဒီယို သတ္တိကြွ ပိုလိုနီယံ ဓာတုပစ္စည်းဟာ အလျင်အမြန်ပဲ ပြိုကွဲပျက်စီးတတ်တာကြောင့် ကျန်နေသေးတဲ့ နမူနာတွေဟာ စမ်းသပ်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ အာရာဖက်ဟာ ၂၀၀၄ ခုနှစ်က အသေအချာ မသိရတဲ့ နာမကျန်းဖြစ်မှုကို ခံစားခဲ့ရပြီးတဲ့နောက် သိပ်မကြာခင်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG