သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တပ်ကြပ် စစ်ခုံရုံးတင်ခံရ


တပ်ပြေးမှုနဲ့ စစ်ခုံရုံးအတင်ရမယ့် တပ်ကြပ် Bowe Bergdahl
တပ်ပြေးမှုနဲ့ စစ်ခုံရုံးအတင်ရမယ့် တပ်ကြပ် Bowe Bergdahl

အာဖဂန်နစ္စတန်မှာ ရောင်းရင်းရဲဘော်တွေကို အန္တရာယ်ကျရောက်စေပြီး တပ်ပြေးမှုနဲ့ တပ်ကြပ် Bowe Bergdahl ကို စစ်ခုံရုံးတင်ဖို့ အမေရိကန်စစ်တပ်က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ဘက်ဂ်ဒယ်လ်ဟာ တာလီဘန်တို့ရဲ့အကျဉ်းသားအဖြစ် ငါးနှစ်ကြာနေခဲ့ရပြီးနောက် ကျူးဘားနိုင်ငံ Guantanamo ပင်လယ်အော်ရှိ အမေရိကန် အကျဉ်း ထောင်မှာ ဖမ်းဆီးထားတဲ့ တာလီဘန် (၅) ဦးတို့နဲ့ ပြီးခဲ့တဲ့နှစ် ဖလှယ်ခဲ့လို့ ပြန်လွှတ်မြောက်လာသူဖြစ်ပါတယ်။ သူ့ကိုပြစ်မှုထင်ရှားတွေ့ရှိရင် ဘက်ဂ်ဒယ်လ်ဟာ စစ်အကျဉ်းထောင်မှာ ထောင်ဒဏ်တသက်ကျခံရမှာဖြစ်ပါတယ်။

ဒီနှစ်စောစောပိုင်းက တရားရုံးမှာ ဘက်ဂ်ဒယ်လ်ရဲ့စစ်ဘက်တရားခံရှေ့နေ အဖွဲ့က သူ့ကို အသေးအဖွဲပြစ်မှုနဲ့အရေးယူသင့်ကြောင်း ရာထူးလျှော့ချပြီး ထောင် ဒဏ် ခေတ္တချကာ စစ်တပ်က နာမည်ပျက်နဲ့ထုတ်ပစ်သင့်ကြောင်း အကြံပေးခဲ့ပါတယ်။

ဘက်ဂ်ဒယ်လ်အနေနဲ့ တာလီဘန်ကိုအားပေးသူမဟုတ်သလို သူ့ကိုလိုက်လံရှာဖွေစဉ် အမေရိကန်စစ်သားတွေလည်း သေဆုံးခြင်းမရှိခဲ့ကြောင်း သူတို့ကပြောပါတယ်။ ဒါ့အပြင် တာလီဘန်တို့ရဲ့ နှိပ်စက်မှုကိုခံခဲ့ရတယ်လို့ သူရှေ့နေတွေကပြောပါတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေ တွေကတော့ တပ်ကြပ် ဘက်ဂ်ဒယ်လ်ပျောက်ဆုံးစဉ် သူ့ကို စစ်သားတွေကရှာဖွေခဲ့ရာမှာ တာလီဘန်အကြမ်းဖက်သမားတွေရှိတဲ့ အာဖဂန်နစ္စတန် ဒေသတွေကို သွားရောက်ခဲ့တဲ့အတွက်ကြောင့် အန္တရာယ်ရှိစေခဲ့တယ်လို့ ပြန်လည် ချေပခဲ့ပါတယ်။

XS
SM
MD
LG