သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူဝိတ်ဗုံးခွဲမှု သံသယရှိသူ သုံးဦးကို ဆော်ဒီဖမ်းဆီး


ကူဝိတ်နိုင်ငံမှာ လူ ၂၇ ဦးသေဆုံးသွားခဲ့ရတဲ့ အရင်လက ဗလီကို အသေခံဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သတ်တယ်ဆိုပြီး မသင်္ကာဖွယ် ညီအကို ၃ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီအာရေဗီးယား အစိုးရက ပြောပါတယ်။

ကူဝိတ်စီတီးမြို့ တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာပါလို့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ပြောပြီး အဲဒီမတိုင်ခင်က မေလမှာ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားက ရှီယာဗလီ ၂ ခုက အလားတူ တိုက်ခိုက်မှုတွေကိုလည်း သူတို့တွေပဲလုပ်တာလို့ IS က ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ တယောက်ကို ကူဝိတ်မှာ ဖမ်းမိတာဖြစ်ပြီး နောက်တဦးကိုတော့ ဆော်ဒီတောင်ပိုင်းက Taif မြို့မှာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောတာကို ဆော်ဒီအစိုးရ သတင်းမှာ ဖော်ပြပါတယ်။ နောက်ဆုံးတဦးကိုတော့ Saidi နဲ့ Kuwait နိုင်ငံနယ်စပ်နားမှာ ဆော်ဒီလုံခြုံရေး ၂ ဦး ဒဏ်ရာရသွားရတဲ့ ပစ်ခတ်မှုဖြစ်ပြီး ဖမ်းဆီးမိတာပါ။

သူတို့ ညီအကိုတွေထဲက နောက် ၄ ဦးမြောက် တယောက်ကတော့ Syria မှာ IS တွေနဲ့ သွားတိုက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပဲ ပြောပါတယ်။ ရှီယာမူဆလင်တွေဟာ ဒိဌိတွေလို့ ဆွန်နှီမူဆလင် အစွန်းရောက် IS အဖွဲ့က ယူဆပြီး ဒေသတလွှားမှာ သူတို့ကို ပစ်မှတ်ထားပြီး လိုက်တိုက်လိုက်နေတာပါ။

XS
SM
MD
LG