မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေနဲ့အတူ ရင်းနှီးမြုှပ်နှံလိုသူတွေ မျက်စေ့ကျလာနေတဲ့အထဲ အများစု လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေး ကဏ္ဍကိုလည်း စိတ်ဝင်စားသူတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း စိုက်ပျိုးရေး လုပ်ငန်းအပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြုှပ်နှံ လိုသူတွေအတွက် စိမ်ခေါ်မှုတွေကလည်း ကြီးကြီးမားမား ရှိနေဆဲပါ။ ကျွမ်းကျင်သူတွေကတော့ မြန်မာနိုင်ငံသား အများစု အားထား လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်မှသာ တိုင်းပြည် တခုလုံးရဲ့ စီးပွားရေး အားကောင်း လာနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။ မြန်မာ့လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းက အခက်အခဲတွေနဲ့ အခွင့်အလန်းတွေ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးမယ်လို့ ကတိပြုထားတဲ့ အစိုးရသစ် လက်ထက်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် အခွင့်အလန်းတွေ ပေါ်ပေါက် လာနိုင်တဲ့အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ကဏ္ဍစုံမှာ လုပ်ကိုင်ဖို့ တဖွဲဖွဲ လာရောက် စနည်းနာ နေကြပါတယ်။
နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းတွေကတောင် မြန်မာနိုင်ငံဟာ အာရှတိုက်မှာ ထိပ်တန်း ရောက်လာနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့ တိုင်းပြည် တခုလို့ ပြောဆိုထားတာမို့ ရင်းနှီးမြုပ်နှံသူတွေ အလုအယက် ဖြစ်နေကြတာလို့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းက သုတေသီ တဦးဖြစ်တဲ့ ဦးမျိုးအောင်ကျော် ကပြောပါတယ်။
“ကျနော်တို့ နိုင်ငံကို အစိုးရသစ် ပြောင်းလာပြီးတဲ့ နောက်ပိုင်း စိတ်ဝင်စားမှုကတော့ အရမ်းများတယ်။ ကျနော်ကိုယ်တိုင်လည်း စင်္ကာပူမှာ သွားပြီး စာတမ်းတွေ ဘာတွေ ဖတ်တဲ့ အခါကျတော့ တော်တော်များများက အရမ်းစိတ်ဝင်စားသလို၊ မြန်မာပြည်ကိုမှ မသွားရရင် ခေတ်မမှီသလိုပေါ့နော်။”
လယ်ယာ ကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့၊ စိုက်ပျိုးရေး ထွက်ကုန်တွေကို ကုန်သွယ်ဖို့ ဖြစ်နိုင်ချေ အလားအလာတွေ အပေါ် နှီးနှော ဖလှယ်တဲ့ အစီအစဉ် တခုကိုတော့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံ ဆန်စပါး အသင်းနဲ့ စင်္ကာပူ အခြေစိုက် Magenta Global လုပ်ငန်းတို့ ပူးတွဲပြီး ကျင်းပခဲ့ကြတာပါ။ ရန်ကုန်မြို့က ဆွေးနွေးပွဲကိုတော့ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ ဒေသတွင်း နိုင်ငံတွေ သာမက အမေရိကန်၊ အီတလီ စတဲ့ အနောက်နိုင်ငံက လုပ်ငန်းရှင်တွေလည်း စိတ်ဝင်တစား တက်ရောက် ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ရဲ့ အတွင်းရေးမှူး ဦးစိုးထွန်း ကတော့ ရင်းနှီးမြုပ်နှံမှုတွေ နည်းပါးနေဆဲ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့တာပါ။
“လက်ရှိမှာ မြန်မာနိုင်ငံအကြောင်း လူတွေက စိတ်ဝင်စားကြတယ်ပေါ့နော်၊ ရင်းနှီးမြုပ်နှံကြဖို့လည်း လာကြတယ်လေ။ လာတဲ့နေရာမှာ အမေရိကန် ဆိုရင်လည်း အခုဆိုရင် ကဏ္ဍတချို့ပေါ့၊ အားလုံးတော့ မဟုတ်ပေမဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ ကဏ္ဍကို ရင်းနှီးမြုပ်နှံခွင့် ပြုတယ်ဆိုတော့ တခြားဟာတွေလည်း စိတ်ဝင်စားမှုတွေ ရှိနေတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ အဓိက အားနည်းနေတာက စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံတာက အားနည်းနေတာ။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ ကိန်းဂဏန်းတွေ အရဆိုရင် ၅ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေတယ်။”
လတ်တလော မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အများစုကတော့ စွမ်းအင်နဲ့ အရင်းအမြစ် ထုတ်လုပ်မှုတွေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့လယ်ယာ ကဏ္ဍဟာလည်း ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ရှေ့တန်း ရောက်လာနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ရန်ကုန်မြို့က ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ အမေရိကန် အခြေစိုက် Agrifood Consulting International ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖရန်ဆက်စကို ဂိုလက်တီ (Francesco Goletti) ကတော့ ပြောခဲ့တာပါ။
“စိုက်ပျိုးရေး လုပ်ငန်းဟာ အင်မတန်မှ အလားအလာကောင်းတဲ့ ကဏ္ဍတခုပါ။ မြန်မာနိုင်ငံမှာ အခွင့်အလန်းကောင်းတွေလည်း အများကြီး ရှိနေပါတယ်။ ကျေးလက်နေ လူတန်းစား အများစု လုပ်ကိုင်နေတဲ့ ဒီကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်အောင်လည်း အစိုးရက အလေးအနက်ထား လုပ်ကိုင်နေတယ်လို့ ကျနော် ယူဆပါတယ်။ ဒါက ပြည်ပတင်ပို့မှုတွေ အတွက် အကျိုးရှိနိုင်သလို၊ ဆင်းရဲမွဲတေမှု လျော့ကျအောင်လည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအတွက် ဒီကဏ္ဍဟာ အရေးကြီးသလို စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင် အရင်းအမြစ် ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ သာမက ကမ္ဘာပေါ်မှာတောင် ထိပ်တန်း ရောက်လာနိုင်ပါတယ်။”
လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းအပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် အလားအလာတွေကို မကြာသေးခင် သီတင်းပတ်တွေ အတွင်း တောက်လျှောက် ဆိုသလို ဆွေးနွေးဖလှယ်ကြတာတွေလည်း တွေ့ရပါတယ်။ ဇူလိုင်လထဲမှာပဲ မြန်မာနိုင်ငံက သတ္ထုတွင်း တူးဖော်ရေး လုပ်ငန်းနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတခု ရန်ကုန်မြို့မှာ ကျင်းပရာမှာလည်း နိုင်ငံပေါင်း ၂၅ နိုင်ငံက လုပ်ငန်းရှင် ၃၀၀ လောက် တက်ရောက် လာခဲ့ကြတာပါ။ စိုက်ပျိုးရေး လုပ်ငန်းအပါအဝင် ကဏ္ဍစုံမှာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လို့လည်း အလားအလာ အရှိဆုံး ဒေသတခုလားဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်တိုဘာလထဲ ရန်ကုန်မြို့မှာ နှီးနှော ဖလှယ်ပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံလိုသူတွေ စိတ်ဝင်တစား ရှိနေကြပေမဲ့လည်း မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်သွားနိုင်မယ့် အခြေခံ လိုအပ်ချက်တွေဟာလည်း ကြီးကြီးမားမား ရှိနေတယ်လို့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု သုတေသီ ဦးမျိုးအောင်ကျော် ကပြောပါတယ်။
“ရင်းနှီးမြုပ်နှံတယ် ဆိုပေမဲ့ ကျနော်တို့ဆီမှာက အခြေခံ အဆောက်အအုံ အပိုင်းတွေမှာက တော်တော်ကို လိုသေးတယ်လေ။ ဆန်စပါး ကဏ္ဍဆိုရင် အနိမ့်ဆုံး လျှပ်စစ်ပေါ့နော်၊ လျှပ်စစ်မီးကလည်း ကျနော်တို့မှာ တော်တော်လေးကို လိုအပ်ချက် ဖြစ်နေတယ်။ ဒါက ဥပမာလေး တခုပေါ့နော်။ လိုအပ်တဲ့ ကျွမ်းကျင် လုပ်သားတို့ ပညာရှင်တို့ ဆိုရင်လည်း ကျနော်တို့ဖက်က တိုင်းပြည် အနေအထားက ပညာရေးပိုင်းမှာလည်း နိမ့်တဲ့ အခါကျတော့ ဒါတွေအတွက်ကို လူသား အရင်းအမြစ်တွေက လိုအပ်တာပဲ။ နောက် ဘဏ်လုပ်ငန်းတွေမှာလည်း လိုတယ်၊ အခုဆက်သွယ်ရေးပဲကြည့် ဒါလည်း လိုတာပဲလေ။ ကမ္ဘောဒီးယား ဆိုရင် ၁ ဒေါ်လာ ၂ ဒေါ်လာနဲ့ ဖုန်းပြောလို့ရတယ်။ အင်တာနက်က အမြန်နှုန်းမြင့်မြင့်နဲ့ မိုဘိုင်းလ်ဖုန်းတွေမှာ အေးအေးဆေးဆေး သုံးလို့ရတယ်။ ဒါမျိုးတွေပေါ့ဗျာ၊ အကုန် အကန့်အသတ်တွေက ရှိနေတယ်။ သူများနိုင်ငံတွေဆို တချို့ဟာတွေက စဉ်းစားစရာကို မလိုဘူးဗျ၊ ဒီမှာက တကယ့်ကို စဉ်းစားစရာကြီးတွေ ဖြစ်ဖြစ်နေတယ်။”
မြန်မာအစိုးရ အကြီးအကဲ သမ္မတ ဦးသိန်းစိန် ကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ မြန်မြန်ဆန်ဆန် ထွက်ပေါ် လာနိုင်မယ့် ကဏ္ဍ ၂ ခုထဲမှာ စိုက်ပျိုးရေးနဲ့ လယ်ယာထွက်ကုန် ထုတ်လုပ်မှု လုပ်ငန်းကိုလည်း ထည့်သွင်းထားတာပါ။ ဒါပေမဲ့လည်း ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ နည်းပညာ စတဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေလို ကြီးကြီးမားမား စိမ်ခေါ်မှုတွေ ရှိနေတာကို ဖြေရှင်းဖို့လည်း လိုနေတယ်လို့ ဆန်စပါးလုပ်ငန်း ကျွမ်းကျင်သူ ဦးမျိုးအောင်ကျော် ကပြောပါတယ်။ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် လယ်ယာလုပ်ငန်းတွေမှာ ရှေ့တန်းရောက်နေတဲ့ တိုင်းပြည်တွေရဲ့ စံနမူနာတွေကို ယူဖို့လည်း လိုမယ်လို့ သူက အကြံပေးပါတယ်။
“ကျနော်အခု လတ်တလောမှာတင် ဗီယက်နမ်မှာ လေ့လာခဲ့တာ ဘာလဲဆိုတော့ လယ်သမားတွေ စုပြီးတော့ စိုက်ပျိုးတဲ့ သဘောမျိုး၊ အဲဒါမျိုးတွေက ဒီမှာသေချာလုပ်ရင် ရနိုင်တယ်။ ကျနော်တို့မှာ ရှိနေတဲ့ လယ်ကွင်းတွေမှာ ပုံမကျ ပမ်းမကျ အကွက်ကလေးတွေ အကွက်ကလေးတွေ အများကြီး ဖြစ်နေတယ်လေ။ အဲဒါမျိုးတွေ ဆိုလို့ရှိရင် ပထမဆုံး အများကြီး မလုပ်နဲ့ တချို့ ဧရိယာတွေမှာ ဖွံ့ဖြိုးလာအောင် အစိုးရက ရင်းနှီးမြုပ်နှံစေချင်တယ်။ ဒီလို လုပ်လိုက်ပြီဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှု မပျောက်ဘူး၊ ဒါပေမဲ့ သူတို့ လယ်ကွက်တွေက အကုန်လုံး ချောပြီးတော့ လုပ်လို့ကိုင်လို့ ရလာမယ်။ အဲဒီအခါကျရင် လုပ်ငန်းရှင်တွေ အပိုင်းက ပူးပေါင်းပြီးတော့ မြေပြင်တဲ့ ကိစ္စကအစ ရိတ်သိမ်းချွေလှေ့တဲ့အထိ လယ်သမား ကိုယ်တိုင်က သူတို့ အဖွဲ့ကနေပြီးတော့ စီမံခန့်ခွဲပြီး လုပ်သွားတဲ့ အနေအထားပေါ့။ ဒီလို ကန်ထရိုက် စနစ်တွေကို ပြန်ချိတ်တာမျိုးပေါ့။ ကုမ္ပဏီတွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တိုက်ရိုက် ဝင်ပြီးတော့ စိုက်တဲ့ စနစ်ထက် ကျနော်ကတော့ အဲဒါမျိုးကို ပိုကြိုက်တယ်။”
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကတော့ အစိုးရသစ် လက်ထက် စိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်ပတင်ပို့မှု အပေါ်မှာ အခွန်စည်းကျပ်မှုတွေ လျှော့ပေါ့ ပေးလိုက်တာ၊ စိုက်ပျိုးရေး ကဏ္ဍမှာ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံသူတွေ အတွက် မြေငှားရမ်းခွင့်ကို နှစ်ပေါင်း ၆၀ အထိ တိုးမြှင့်ပေးလိုက်တာလို မူဝါဒတွေ အပြောင်းအလဲတွေ လုပ်ခဲ့တာကိုတော့ အားပေးခဲ့တာပါ။ ဒါပေမဲ့လည်း တိုင်းပြည် စီးပွားရေးမှာ အဓိက အားထားနေတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ငွေချေးငှားနိုင်တဲ့ အခွင့်အလန်း နည်းပါးတာ၊ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေး မရှိတာတွေလို လိုအပ်ချက်တွေကို ပြင်ဆင်ပြောင်းလဲပြီး ထုတ်လုပ်မှုတွေ တိုးမြှင့်သွားဖို့ အကြံပြုထားပါတယ်။ လယ်ယာ ထုတ်ကုန်တွေ တိုးမြှင့်ဖို့အတွက် အဓိက လိုအပ်ချက် တခုဖြစ်တဲ့ ကာလရှည် ငွေချေးငှားနိုင်ဖို့ လိုအပ်နေတာမို့၊ မြေယာလုပ်ပိုင်ခွင့် စာချုပ်တွေ ထုတ်ပေးနိုင်မယ် ဆိုရင်တော့ ပုဂ္ဂလိကဘဏ်တွေထံက တောင်သူတွေ ငွေချေးရာမှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း IMF က တိုက်တွန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။
စိုက်ပျိုးရေး လုပ်ငန်းဟာ အင်မတန်မှ အလားအလာကောင်းတဲ့ ကဏ္ဍတခုပါ ...Francesco Goletti (Agrifood Consulting International)...