သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန်နဲ့ ပစိဖိတ်ခေါင်းဆောင်များ ကျား-မ တန်းတူညီရေးဆွေးနွေး


ကျား-တန်းတူရေး ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ အမျိုးသမီးနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကလင်တန် (လယ်)။ သြဂုတ်လ ၃၁၊ ၂၀၁၂။
ကျား-တန်းတူရေး ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ အမျိုးသမီးနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကလင်တန် (လယ်)။ သြဂုတ်လ ၃၁၊ ၂၀၁၂။
ပစိဖိတ်တောင်ပိုင်း ကျွန်းစု နိုင်ငံတွေထဲက Cook Islands ရဲ့ မြို့တော် Rarotonga မှာ ပစိဖိတ်ကျွန်းစု ၁၆ နိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပစိဖိတ် ဒေသမှာ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ကျားမ မခွဲခြားဘဲ တန်းတူညီမျှ ရှိရေးကို တောင်းဆိုလိုက်ပါတယ်။

ဒီဒေသမှာ အမျိုးသား အမျိုးသမီး တန်းတူ ညီမျှ ဖြစ်ရေး နှေးကွေးနေတာကို ထောက်ပြတဲ့ ပစိဖိတ်ကျွန်းစု ၁၆ နိုင်ငံခေါင်းဆောင်တွေနဲ့ ဝန်ကြီးကလင်တန် တို့ရဲ့ ပူးတွဲ ကြေညာချက်တစောင် ကို မနေ့က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးတွေရဲ့ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေ ကန့်သတ်ခံရမှုနဲ့ ပစိဖိတ်ဒေသ နိုင်ငံတွေက ဥပဒေပြု လွှတ်တော်တွေမှာ အမျိုးသမီးတွေ ပါဝင်ရေး စတဲ့ အရေးကြီးတာတွေ ဆောင်ရွက် သွားကြဖို့ သတိပြုခဲ့ကြပါတယ်။

ဒီဒေသဟာ ကမ္ဘာပေါ်မှာ အမျိုးသား အမျိုးသမီး ခွဲခြား ဆက်ဆံမှု အခြေအနေ အနိမ့်ဆုံးအဖြစ် တည်ရှိနေသေးတယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ Cook Islands ကျွန်းစုနိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ တရုတ်၊ ဘရူနိုင်း၊ အရှေ့တီမောနဲ့ ရုရှား နိုင်ငံတွေကိုလည်း ဝန်ကြီး ကလင်တန် ခရီးဆက်မှာ ဖြစ်ပါတယ်။ Cook Islands ပြီးရင်တော့ အင်ဒိုနီးရှား နိုင်ငံကို အရင်ဆုံး သွားရောက်မှာ ဖြစ်ပါတယ်။ ဂျကာတာ မြို့တော်မှာ အမေရိကန်-အင်ဒိုနီးရှား လက်တွဲ ဆောင်ရွက်မှု အစီအစဉ်တရပ်ကို အင်ဒိုနီးရှား ခေါင်းဆောင်တွေနဲ့ ဝန်ကြီးကလင်တန် ဆွေးနွေးကြမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG