သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှု မြန်မာကို နမူနာပြ


မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တ်မြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ညီလာခံ (၀၉၊၀၄၊၁၂။)
မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တ်မြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ညီလာခံ (၀၉၊၀၄၊၁၂။)
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ပြောင်းလဲကျင့်သုံးခဲ့တဲ့ ဒဏ်ခတ်အရေးယူတာနဲ့ တပြိုင်တည်းမှာ ထိတွေ့ဆက်ဆံတဲ့ လမ်းနှစ်သွယ်မူဝါဒဟာ မြန်မာနိုင်ငံက လက်ရှိ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်အောင် အားပေးခဲ့တယ်လို့ ဒီမိုကရက်တစ် ပါတီက ပြောလိုက် ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဆက်ဆံရေးပိုကောင်းချင်တယ်ဆိုရင် မြန်မာအစိုးရနဲ့ နောက် ထပ် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ကိုလည်း အင်္ဂါနေ့က တိုက်တွန်း ခဲ့ပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တ် (Charlotte) မြို့မှာကျင်းပနေတဲ့ အမေရိကန် ဒီမို ကရက်တစ်ပါတီညီလာခံအတွင်း ထုတ်ပြန်ကြေညာခဲ့တဲ့ ပါတီရဲ့မူဝါဒရပ်တည်ချက်တွေထဲမှာ အဲဒီလို ဖော်ပြ တိုက်တွန်းထားတာပါ။

ကမ္ဘာတဝန်းမှာ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ကို တောင်းဆိုကြတဲ့လူထုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုရအောင် ဆက်ပြီး လုပ်သွားကြလိမ့်မယ်လို့ ဆိုပြီး မြန်မာနိုင်ငံကို သီးခြားရွေးထုတ်ပြီးတော့ ဥပမာပေး ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်ဆောင်ခွင့်တွေ ဖွင့်ပေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တွန်းအားပေးတဲ့အနေနဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူ ထိတွေ့ဆက်ဆံတဲ့မူဝါဒ ကို အောင်အောင်မြင်မြင် ပူးတွဲ ကျင့်သုံးခဲ့တဲ့အကြောင်း၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီးနက်ရှိုင်းတဲ့ဆက်ဆံရေး၊ မြန်မာနိုင်ငံက များပြားလှတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ တည်ဆောက်နိုင်ဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ မိမိတို့ရဲ့ သမိုင်းဝင် အစပျိုး လုပ်ဆောင်ချက်ကို ဆက်ပြီး လုပ်သွားမှာဖြစ်တယ်လို့ ပါတီမူဝါဒကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေသေးတဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်လာဖို့ ရာ မြန်မာအစိုးရက နောက်ထပ်လုပ်ဆောင်မှုတွေ ဆက်ပြီးလုပ်သွားဖို့ မိမိတို့ဆက်ပြီး ပြောဆိုသွားမယ်လို့လည်း ဒီမိုကရက်တစ် ပါတီကကြေညာ ခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီညီလာခံမတိုင်ခင် သီတင်းပတ်က ဖလော်ရီဒါပြည်နယ်၊ တမ်မ်ပါမြို့မှာကျင်းပခဲ့တဲ့ ရီပတ်ဘလီကန်ပါတီ ညီလခံမှာကြေညာခဲ့တဲ့ မူဝါဒသဘောထားတွေထဲမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြ ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ ဒီမိုကရက်တစ်ပါတီဟာ လက်ရှိ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ ပါတီဖြစ်ပါတယ်။
XS
SM
MD
LG