ကမ္ဘာနဲ့တဝှန်း တဖြည်းဖြည်း သောက်သုံးရေရှားပါးလာနေတဲ့ ပြဿနာနဲ့ လူတိုင်းအတွက် လိုအပ် တဲ့ သောက်သုံးရေနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်မလာအောင် သတိရှိကြဖို့ ရည်ရွယ် လှုပ်ရှားတဲ့ World Water Week လို့ခေါ်တဲ့ နိုင်ငံတကာ ရေသီတင်းပတ် အကြောင်း ဒေါ်ခင်မျိုးသက် က တင်ပြပေးထားပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့ကနေ ၃၁ ရက်နေ့ကို ၂၀၁၂ ခုနှစ်အတွက် ရေသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ဒီနှစ်မှာတော့ ရေနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ဆိုတဲ့ ဆောင်ပုဒ်ထားပြီး ကျင်းပပါတယ်။ ဆွီဒင်နိုင်ငံ Stockholms စတော့ဟုမ်းမြို့မှာရှိတဲ့ စတော့ဟုမ်း နိုင်ငံတကာ ရေသိပ္ပံ SIWI က ၁၉၉၁ ခုနှစ် ကစပြီး ကမ္ဘာနဲ့တဝှန်း ရေပြဿနာပေါ်နေတာကို အဖြေရှာဖို့ နှစ်စဉ် ကြီးမှူးကျင်းပနေတာပါ။
သောက်သုံးရေ ပြဿနာမှာ ရေဘယ်လောက်လိုအပ်တယ်ဆိုတာနဲ့ ရေကို ဘယ်အတိုင်းအတာ အထိ ဖြန့်ဖြူးပေးနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်နေတာ တွေ့ရတယ်လို့ နိုင်ငံတကာရေသိပ္ပံက ရေ သီတင်းပတ် အစည်းအဝေးကျင်းပရေး တာဝန်ခံ Jans Berggren က ပြောပါတယ်။
“သက္ကရာဇ် ၂၀၃၀ ကိုရောက်တဲ့အခါ ကမ္ဘာတဝှ်eးမှာ လိုအပ်တဲ့ ရေပမာဏထဲက ၄၀ % လောက် ပဲ ရေပေးဝေနိုင်တော့မယ်လို့ ကုလသမဂ္ဂက တွက်ချက်ထားတာပါ။”
၁၉၉၀ ကနေ ၂၀၁၀ နှစ်တွေအတွင်းမှာ လူသန်းပေါင်း ၁,၈၀၀ အတွက် သန့်ရှင်းရေးအတွက် သုံးရေ ရရှိမှု ပိုတိုးတက်လာသလို သန်းပေါင်း ၂,၀၀၀ လောက်အတွက် သောက်သုံးရေသန့်ပါ ဖူလုံခဲ့ပေ မယ့် လူသန်းပေါင်း ထောင်နဲ့ချီပြီး ဒီလိုအခြေခံရပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ ရဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူထုကျန်းမာရေးဆိုင်ရာဌာန ဒါရိုက်တာ Maria Neira ကတော့ ဒီလူတွေအတွက် ကျန်းမာရေးဟာ သောက်ရေ သုံးရေသန့် ရရှိ နိုင်တဲ့ အပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း နိုင်ငံအစိုးရပိုင်းက ဘယ် အတိုင်း အတာ အထိ ဒီကိစ္စမှာ ရင်းနှီးမြှုပ်နှံပြီး ပါဝင်ဆောင်ရွက်ပေးတယ် ဆိုတဲ့အပေါ်မှာ အများကြီး တည် နေတယ်လို့ ပြောပါတယ်။
“တကယ်ဆို လူပေါင်း နှစ်သန်းလောက် တနှစ်-တနှစ် သေဆုံးနေကြရတာဟာ သန့်ရှင်းတဲ့ သောက် သုံးရေ မရတဲ့အတွက် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါလိုမျိုး ကျန်းမာရေးနဲ့ ဆက်နွယ်နေ တဲ့ ရောဂါမျိုးစုံကြောင့် ပါ။ ဒီလိုနှစ်စဉ် လူ၂ သန်းလောက် သေဆုံးနေတာတွေအတွက် တကယ်ဆို ရင် ကြိုတင်ကာကွယ်နိုင် ပါရက်နဲ့ ကြုံနေရတာပါ။
ကုလသမဂ္ဂက ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း ၇၄ နိုင်ငံမှာ အချက်အလက်တွေ စုဆောင်းပြီး တွေ့ခဲ့တာတွေကို အစီရင်ခံစာ ရေးသားခဲ့ပါတယ်။ အများအားဖြင့်ဆိုရင် ဝေးလံတဲ့ ကျေးလက်ဒေသတွေမှာ ဒီလို ရေ သန့် မရနိုင်ရတဲ့ အကြောင်းရင်းဟာ တတ်သိနားလည်မှှု မရှိတာအပြင် ကျွမ်းကျင်လုပ်သား မရှိတာ ကလည်း အဓိကအကြောင်းအနေနဲ့ ပါနေတာကို တွေ့ခဲ့ရပါတယ်။
ဥပမာ ရွာတရွာမှာ ရေရဖို့ အတွက် ရေတွင်းက မောင်းတံကို လက်နဲ့ပဲ မောင်းတင်ရတာမို့ တကယ် လို့ ဒီမောင်းတံပျက်လို့ ပြင်တတ်တဲ့ သူမရှိရင် ရေရဖို့ ခက်ခဲတာမျိုးကအစ တတ်သိနားလည်သူ မရှိတာနဲ့ အစိုးရပိုင်းက လျှစ်လျှူရှုတာခံရလို့ အသိပညာချို့တဲ့ရာကနေ ကျန်းမာရေးအတွက်ပါ ထိခိုက်တာမျိုး ကို ၃၀ % လောက် တွေ့ရတယ်လို့ ဆိုပါတယ်။
ရေသီတင်းပတ် ညီလာခံတာဝန်ခံ Breggren ကတော့ အစိုးရပိုင်းက သောက်သုံးရေ ဖြန့်ဖြူးပေး တဲ့ နေရာမှာလည်း အတော်များများ အလေအလွင့်တွေ ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
“ဆိုးတာတခုက ကျွန်တော်တို့တွေဟာ ရေကိုမလိုအပ်ဘဲ အလွန်အကျွံ ဖြုန်းတီးနေကြတာ တွေ့ရ ပါတယ်။ အစားအသောက်ထုတ်လုပ်တဲ့ နေရာတွေမှာဆို ရေကို သုံးသင့်တာထက်လွန်ပြီး အတော်လေးဖြုန်းကြသလို အစားအသောက်တွေကို ကြည့်ရင်လဲ ထုတ်သလောက် တကယ် မစားဘဲ အလေအလွင့်ဖြစ်စေတာက ပိုများ နေတာပါ။ တကယ်တမ်းပြန်ကြည့်ရင် ကမ္ဘာပေါ်မှာ ထုတ်လုပ်တဲ့ စားနပ်ရိက္ခာတွေရဲ့ ထက်ဝက်ဟာ တကယ်စားသုံးသူတွေ စားရတာမဟုတ်ဘဲ စိုက်ပျိုးမြေတွေမှာ ဖြစ်စေ စားသုံးသူတွေဆီပို့ပေးတဲ့ လမ်းကြောင်းမှာပဲ လေလွင့် ပျက်စီးကြ တာ တွေ့ရပါတယ်။”
စားနပ်ရိက္ခာပိုင်းမှာတင် အလဟဿ ဖြစ်ကြရတာမဟုတ်ဘဲ ဒါဟာ ရေကိုပါ ဖြုန်းတီးရာ ရောက် တယ်လို့လည်း သူကမြင်ပါတယ်။ ဘာလို့လဲဆိုတော့ အစားအသောက်တွေရအောင် ရေကို အဓိက သုံးရလို့ပါ- လို့ ဆိုပါတယ်။
“ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် စံနစ်တကျ သိုလှောင်နိုင်ဖို့ နေရာတွေနဲ့ အခြေခံ အဆောက်အအုံတွေ မရှိကြတဲ့အတွက် စိုက်ကွင်းတွေက ထွက်သမျှ စားနပ်ရိက္ခာ တွေထဲက အတော်များများ ဟာလေ လွင့်ကုန်ပါတယ်။ ပုပ်သိုးကုန်ပါတယ်။ အလကား ဖြစ်ကုန်တာပါ။ ဒီအခြေခံ အဆောက်အအုံတွေ ထဲမှာ လမ်းတွေ၊ တံတားတွေလည်း ပါပါ တယ်။ စားသောက်ကုန်တွေကို ချောချောမောမော မတင်ပို့နိုင်တဲ့အတွက် ဒီ စားသောက်ပင်တွေ စိုက်ပျိုးရာမှာ သုံးတဲ့ရေတွေကို ဖြုန်းပစ်ရာ ရောက် ပါတယ်။ အနောက်နိုင်ငံတွေမှာဆိုရင် အစားအသောက်တွေကို လွှင့်ပစ်တတ်ကြ တာကြောင့် ရေ ကိုပါ ဖြုန်းရာရောက်တာပါ။”
အမေရိကန် နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာ တနှစ်တနှစ် မစားမသောက်ဘဲ လွှင့်ပစ်နေတဲ့ စားစရာတွေ ဟာ တန်ဖိုးအနေနဲ့တွက်ရင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၃ သန်းဖိုးလောက် ရှိနေတယ်လို့ သူကတွက်ပြပါတယ်။
“ရေနဲ့ စိုက်ပျိုးပြီးမှရတဲ့ အစားအသောက်တွေကို ဖြုန်းတီးလို့ ရေတွေ အလကားဖြစ်ရရုံ တင်မက ဘဲ ရေဖြန့်ဝေတဲ့စံနစ်မှာလည်း ရေအလဟဿ ဖြစ်တာတွေ ရှိနေပါတယ်။ တကယ်ဆို အလွယ် တကူ ပြင်လိုက်လို့ရတဲ့ အိမ်သုံးရေပိုက်တွေ၊ ပိုက်ခေါင်းတွေမှာ ရေယိုနေတာမျိုးကို မပြင်ကြတာတွေ ရှိနေသလို ရေသွယ်မြောင်းတွေ စံနစ်မကျတာနဲ့ အပင်တွေအတွက် ရေကို လိုသလို မပေးတတ် တာတွေကလည်း ရေကို ဖြုန်းတီးနေ သလို ဖြစ်နေပါတယ်။ တခါတလေ အပင်အတွက် ရေ လိုသလောက်မရသလို တခါတလေမှာ ရေမြုပ်ပြီး အပင်တွေ ပျက်စီးကုန်တတ်ပါတယ်။
တခါတလေလည်း သဲကန္တာရလို နေရာမျိုးမှာ စပါးသွားစိုက်ပြီး ရေပမာဏအတော်များများကို အငွေ့ပျံပြီး ဆုံးစေတာမို့ ရေမလိုအပ်ဘဲ ဆုံးရှုံးရတာကို ပုံစံမျိုးစုံနဲ့ တွေ့ရတတ်ပါတယ်။”
ဒီလို ရေနဲ့ အစားအစာတွေကို အတော့်ကို ပြုန်းတီးကုန်တာတွေ တွေ့နေရပေမယ့် တကယ် သတိထားရင် ရေကိုရော အစားအစာတွေကိုပါ ထိမ်းသိမ်းစောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေက လက်တကမ်းမှာ ရှိနေတာကို တွေ့ရမှာပါလို့လည်း ပြောပါတယ်။
“ဒီလို လက်ရှိကြုံနေရတဲ့ ပြဿနာတွေဖြေရှင်းနိုင်ဖို့ ရေကို အလဟဿမဖြစ်စေဖို့ နည်းပညာတွေ၊ စီမံခန့်ခွဲမှု အတတ်ပညာတွေ အများကြီး ရှိပါတယ်။ စာအုပ်စာတမ်း တွေ ရှိနေပေမယ့် လက်တွေ့ လိုက် မလုပ်ကြလို့ပါ။ ဒါဟာ ရေပြဿနာ အတွက် ဖြေရှင်းရမယ့်နည်းတွေကို လူထုတင်မက အုပ်ချုပ်ရေးပိုင်းကပါ မသိကြလို့ ကြုံနေရတယ်လို့လည်း ကျနော် ထင်ပါတယ်။”
မကြာသေးခင်က ကျင်းပခဲ့တဲ့ ကမ္ဘာစီးပွားရေး ညီလာခံမှာတော့ ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်တွေ က ရေချွေတာရေးနဲ့ သောက်သုံးရေ မပြတ်လပ်အောင် ကာကွယ် ထိမ်းသိမ်းဖို့ တကမ္ဘာလုံး အတိုင်း အတာနဲ့ လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာကို သဘောပေါက်ကြပါတယ်လို့ နိုင်ငံတကာ ရေသိပ္ပံ က ရေသီတင်းပတ်ညီလာခံ ကျင်းပရေးတာဝန်ခံက ပြောပါတယ်။
လူတိုင်းအတွက် ရေကောင်းရေသန့်ရဖို့ အရေးကြီးတာမို့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရေကို ချွေချွေတာတာသုံးစွဲပြီး လေလွင့်မှုမရှိအောင် ဝိုင်းဝန်းထိမ်းသိမ်းဖို့ လိုအပ်ပါ တယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။