စက်တင်ဘာ ၁၅၊ ၂၀၁၂။ မုံရွာ လက်ပန်းတောင် ကြေးနီစီမံကိန်းကို ဒေသခံ လယ်သမားတွေ ကန့်ကွက်ဆန္ဒပြကြတဲ့ သတင်းဟာ ဒီသတင်းပတ် မြန်မာသတင်းတွေမှာ အတော်လေး လွှမ်းမိုးနေရာယူခဲ့ပါတယ်။ ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၇ထောင်ကျော် သိမ်းယူခံရတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြတာပါ။ ဒါ့အပြင် ဒီ စီမံကိန်းကြောင့် ဒေသပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုရှိနေတာကြောင့် ဒီစီမံကိန်းကို ရပ်ပစ်ဖို့ လယ်သမားတွေဖက်က လိုလားနေကြတာပါ။
စီမံကိန်းကိုတော့ စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမီတက်နဲ့ တရုတ်အမျိုးသားပိုင် မြန်မာဝမ်ဘောင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဦးပိုင်လီမီတက် တာဝန်ရှိသူတဦးကတော့ စီမံကိန်းကို ရပ်ပစ်မှာမဟုတ်ပေမယ့်၊ အခု ပြဿနာတွေအတွက် ညိနှိုင်းဖြေရှင်းသွားမယ်လို့ ဆိုနေပါတယ်။ ဒါကြောင့် ဒီသတင်းပတ် စနေ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ လက်ပန်းတောင်းကြေးနီ စီမံကိန်းနဲ့ လယ်သမားတွေအခွင့်အရေးကိစ္စကို ဆွေးနွေးထားပါတယ်။ မန္တလေးမြို့အခြေစိုက် သတင်းသမားတဦးလည်းဖြစ် သဘာ၀ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလှုပ်ရှားနေသူတဦးလည်းဖြစ်တဲ့ စာရေးဆရာမင်းထက်ငြိမ်းချမ်းနဲ့၊ မုံရွာ ဗကသများအဖွဲ့ချုပ်ကို ကိုနွေဦးကိုနဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးတို့က အဓိက ပါဝင်ဆွေးနွေးထားကြပါတယ်။