သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ တိုးတက်ပြောင်းလဲဖို့ အမေရိကန်ကူမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံစဉ်။ (၀၉-၁၈-၁၂)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံစဉ်။ (၀၉-၁၈-၁၂)
မြန်မာနိုင်ငံမှာ စတင်ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရနဲ့ရော ပြည်သူတွေနဲ့ပါရပ်တည်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဒီထက်မက ဆက်ပြီးတော့လုပ်သွားဖို့လိုတယ်လို့လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့မှာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က ဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဗုဒ္ဓဟူးနေ့မနက်က တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ နှစ်ယောက် ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်က အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့မှာ အခုလို ပြောပါတယ်။

“ရှေ့ဆက်လုပ်ဆောင်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျမ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီကနေ့မနက်ပဲ ပြောဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလို အမေရိကန်ပြည်ထောင်စုကို လာတာရဲ့ အရေးကြီးတဲ့အချက်တခုကတော့ - တရားဥပဒေ စိုးမိုးရေး နဲ့ ဒီမိုကရေစီအခြေခံအဆောက်အအုံတွေ ပိုအားကောင်းလာအောင်လုပ်ဖို့ကနေ၊ ရခိုင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ တိုင်းရင်းသားပဋိပက္ခတွေပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေအထိ ရှေ့မှာဘာတွေဆက်ပြီးတော့ လုပ်သွားဖို့ရှိတယ်ဆိုတာ ကျမတို့ကို အသိပေးဖို့ဖြစ်တယ်လို့ ကျမထင်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိဖို့၊ အတိတ်တုန်းကဖြစ်ခဲ့တဲ့ နာကျည်းမှုတွေကို ပြန်လည်ကုစားဖို့ နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက်လုပ်ဆောင်သွားဖို့အတွက် မြန်မာအစိုးရနဲ့ အတိုက်အခံတွေပါ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း သူမက ပြောကြားလိုက်ပါတယ်။

အဲဒီအချက်က ပြုပြင်ပြောင်းလဲရေးကို နောက်ကြောင်းပြန်မလှည့်စေဖို့အတွက် အဓိကကျတဲ့အချက်ဖြစ်ကြောင်း ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ကို လမ်းကြောင်းလွဲသွားစေမယ့် အင်အားစုတွေလည်း ရှိနေတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန်အစိုးရအနေနဲ့ ဆက်ပြီးတော့ ထောက်ခံသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဟီလရီကလင်တန်က ပြောလိုက်ပါတယ်။

“ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခုစတင်ဖြစ်ပေါ်လာနေတဲ့ တိုးတက်မှုတွေကို အကူအညီပေးနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ရော ပြည်သူတွေနဲ့ပါ ရပ်တည်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက လုပ်နေတုန်းပါ။ ကျမတို့ သံအမတ်တွေ အပြန်အလှန် ခန့်အပ်ဖို့ ၊ မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်မှုမရှိစေဘဲ ရှေ့ကို ဆက်ပြီး တိုးတက်သွားနိုင်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံနိုင်စေဖို့အတွက် စီးပွားရေးပိတ်ဆို့မှုတွေ လျှော့ချတာ စတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ကျမတို့ဟာ မြန်မာအစိုးရနဲ့ရော အတိုက်အခံတွေနဲ့ပါ နီးနီးကပ်ကပ်ဆောင်ရွက်နေပါတယ်။”
ဒါ့အပြင် တရားဥပဒေစိုးမိုးရေး ပိုအားကောင်းလာဖို့၊ ၊ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိလာစေဖို့ နဲ့ အခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်သွာဖို့ လိုအပ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောကြားလိုက်ပါတယ်။
XS
SM
MD
LG