သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သိမ်းယာသိမ်းပြဿနာနဲ့ ယနေ့မြန်မာ


myanmar farmer
myanmar farmer
နိုဝင်ဘာ ၃၊ ၂၀၁၂။ ယနေ့မြန်မာနိုင်ငံမှာ တစုံတရာ ပြောခွင့်ရလာတဲ့အချိန် အစိုးရအစဉ်အဆက် လယ်သိမ်းယာသိမ်းပြဿနာတွေဟာ ပိုမို ထင်ရှား ကျယ်ပြန့်လာပါတယ်။ လယ်မြေသိမ်းခံရတဲ့ လယ်သမားတွေ ဆန္ဒပြမှု၊ တိုင်တန်းမှု၊ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့မှု စသဖြင့် ပဋိပက္ခအခြေအနေတွေဟာလည်း ထင်ရှားလာပါတယ်။

မြန်မာနိုင်ငံတွင်း လူဦးရည်အများဆုံးဖြစ်တဲ့ လယ်သမားတွေ အစဉ်တစိုက် အိပ်မက်လာခဲ့တဲ့ လယ်လုပ်သူ လယ်ပိုင်ခွင့် ကိစ္စဟာ၊ ပြုပြင်ပြောင်းလဲမှုအချို့ မြင်လာရတဲ့ မြန်မာနိုင်ငံတွင်း ဘယ်လောက်အထိ မျှော်လင့်ချက် ရောင်ခြည် သန်းလာပါပြီလဲ။ လူထုအသံကို ထပ်ဟပ်မယ်ဆိုတဲ့ လွှတ်တော်တွင်းမှာရော လယ်သမားတွေအရေး ဘယ်လောက်အထိ နေရာ ရလာပြီလဲ။ ဒီအကြောင်း အခု စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ကိုနေမျိုးဝေ၊ လယ်သမားအရေးနဲ့လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးတို့က အဓိက ပါဝင်ဆွေးနွေး ဖြေကြားထားပါတယ်။

please wait

No media source currently available

0:00 0:25:40 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG