သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကလင်တန် သြစတြေးလျမှာ ကာကွယ်ရေး ထိပ်သီးညီလာခံ ရောက်ရှိ


အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတို့အကြား စစ်ရေးတိုးချဲ့လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဦးတည်ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ဟာ သြစတြေးလျနိုင်ငံ ပါ့သ် မြို့ကို ဆိုက်ရောက်သွားပါတယ်။

နှစ်ပတ်လည် ညီလာခံမကျင်းပခင် ဝန်ကြီး ဟီလာရီကလင်တန်ဟာ အင်္ဂါနေ့မှာ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်ဘတ်နဲ့ တွေ့ဆုံပါလိမ့်မယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့အတူ ဗုဒ္ဓဟူးနေ့မှာ တရားဝင်ကျင်းပမယ့် အစည်း အဝေးကိုလည်း ဝန်ကြီးကလင်တန် တက်ရောက်ဖို့ရှိပါတယ်။

အာရှတိုက်မှာ စစ်ရေးချိန်ခွင်လျှာ တန်းတူညီမျှရှိရေးအတွက် အမေရိကန်စစ်တပ်က ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောဆိုထားခဲ့ပြီးတဲ့နောက် အခုထိပ်သီးတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အမေရိကန် မရိန်း တပ်ဖွဲ့ဝင် ၂,၅၀၀ ဟာ သြစတြေးလျနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်ဖို့ရှိနေတာပါ။

အခုသတင်းပတ်အတွင်းဆွေးနွေးမှုမှာ ဒေသအတွင်း လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုက သြစတြေးလျနိုင်ငံ ရဲ့ စစ်ရေး အထောက်အကူပစ္စည်းတွေ အသုံးပြုရေးကိစ္စကို အာရုံစိုက် ဆွေးနွေး မှာဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချရေးကို လည်း ဆွေးနွေး ကြပါလိမ့်မယ်။ သြစတြေးလျနိုင်ငံက သူရဲ့ တပ်ဖွဲ့ဝင် ၁,၅၀၀ ကျော်ကို အဖဂန် နစ္စတန်နိုင်ငံက စစ်ဆင်ရေးတွေအတွက် စေလွှတ်ပေးထားတာပါ။
XS
SM
MD
LG