သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေးအခင်းက နိုင်ငံရေးအပြောင်းအလဲ ထိခိုက်စေမလား


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆိုဆန္ဒပြတဲ့သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုကြောင့် ဆန္ဒပြ သံဃာအတော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ဒီအတွက်လည်း မကျေနပ်မှုတွေ တိုးပွားလာပြီး၊ အခြေအနေ တင်းမာမှုတွေ ပိုကြီးလာတယ် ဆိုရမှာပါ။

နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ ဒီကာလမှာပဲ အခုလို တင်းမာမှုတွေ ရှိလာတာကြောင့် နိုင်ငံရေးလုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုဘယ်လို ရှိလာနိုင်ပါသလဲ။ တရားဥပဒေစိုးမိုးရေးအတွက်ပါ ထိခိုက်မှုရှိလာနိုင်ပါသလား။ အခု စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစမှာ သုံးသပ်ဆွေးနွေးထားပါတယ်။

အစိုးရဖွဲ့ထားတဲ့ လက်ပန်းတောင်းအရေး စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်သူ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးမျိုးညွန့်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကော်မတီ အတွင်းရေးမှုး ဦးဝင်းမြင့် တို့က အဓိက ပါဝင်ဆွေးနွေး ဖြေကြားထားပါတယ်။

callinshow 12-02-2012
please wait

No media source currently available

0:00 0:25:11 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG