သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း


ဘော့်စတွန်ဗုံးခွဲမှု သံသယရှိသူ ညီအကိုနှစ်ဦးရဲ့ မိခင် Zubeidat နဲ့ ဖခင် Anzor Tasrnaev
ဘော့်စတွန်ဗုံးခွဲမှု သံသယရှိသူ ညီအကိုနှစ်ဦးရဲ့ မိခင် Zubeidat နဲ့ ဖခင် Anzor Tasrnaev
ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေသလို သူ့ကို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း ထားလိုက်ပြီဖြစ်ပါတယ်။

ဂျိုဟာကို Masschusetts ပြည်နယ် အရှေ့မြောက်ဘက်၊ Fort Devens မှာရှိတဲ့ အကျဉ်းထောင်ဆေးရုံကို ပြောင်းရွှေ့လိုက်တဲ့အကြောင်း အမေရိကန် ရဲဌာန က သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။ ဂျိုဟာရဲ့အခြေအနေ အသေးစိတ် ကိုတော့ ပြောခွင့်ရသူက မပြောခဲ့ပါဘူး။ အစိုးရအရာရှိတွေကတော့ ဂျိုဟာ လည်ပင်းမှာရတဲ့ ဒဏ်ရာကနေ သက်သာလာနေပြီလို့ ပြောထားတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ ထောက်လှမ်းရေးအဖွဲ့ FBI ကတော့ သောကြာနေ့မှာ ဂျိုဟာ ကျောင်းတက်ခဲ့တဲ့ Massachusetts Dartmouth တက္ကသိုလ်ဝန်း အနီးမှာရှိတဲ့ အမှိုက်ပုံတစ်ခုကို ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ဘာကို ရှာနေတယ်ဆိုတာတော့ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

ဝါရှင်တန်ဒီစီမှာတော့ စနိုင်းရက်ဖ်တို့ညီအစ်ကို ကို အစွန်းရောက်အောင် လုပ်တဲ့ အထဲမှာ သူတို့ရဲ့မိခင် ပါဝင်မှုရှိမရှိ ဆုံးဖြတ်ဖို့အတွက် အာဏာပိုင်တွေက ကြိုးစားနေတဲ့အကြောင်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ သူတို့ရဲ့ မိခင်ဟာ အာဏာပိုင်တွေ စိတ်ဝင်တစား စောင့်ကြည့်နေသူ တယောက် ဖြစ် တယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အကြီးတန်း ဒီမိုကရက်လွှတ်တော်အမတ် Dutch Ruppersberger က ပြောပါတယ်။

မိခင်ဖြစ်သူ Zubeidat Tsarnaeva ဟာ ဘော်စတွန်ဗုံးဖောက်ခွဲမှု မတိုင်ခင် ၁၈ လလောက်ကတည်းက ပြည်ထောင်စုအစိုးရရဲ့ အကြမ်းဖက် လှုပ်ရှားမှု စာရင်း ထဲမှာရှိခဲ့တဲ့အကြောင်း အေပီသတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG