သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ် သူ့ပါတီ နိုင်ကြာင်း ကြေညာ


ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif ( မေ ၁၁၊ ၂၀၁၃)
ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif ( မေ ၁၁၊ ၂၀၁၃)
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နဝပ်ရှာရစ်ဖ် (Nawaz Sharif) က စနေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ ရှေးရိုးစွဲဝါဒီ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်က အနိုင်ရရှိတယ်လို့ ကြေငြာလိုက်ပါတယ်။ မဲတွေကိုတော့ ရေတွက်နေ တုန်းပဲဖြစ်ပါတယ်။ တကယ်လို့ တရားဝင် မဲရလဒ်တွေ ထွက်လာတဲ့အခါမှာ သူ့အနိုင်ရခဲ့တာမှန်ရင်၊ သူဟာ ဝန်ကြီးချုပ် ပြန်ဖြစ်လာမှာဖြစ်ပါတယ်။ နဝပ်ရှာရစ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဝန်ကြီးချုပ်ရာထူးကို ၂ ကြိမ်တိုင်တိုင် တာဝန်ယူခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဘယ်ပါတီမှာ ပါလီမန်မှာ မဲအများစုကို အပြတ်အသတ်အနိုင်ရလိမ့်မှာ မဟုတ်ဘူးဆိုပြီး ၊ ခန့်မှန်းနေကြတာကြောင့်၊ နဝပ်ရှာရစ်ဖ်အနေနဲ့ ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သူ့ကို မဲပေးကြဖို့ ပါကစ္စတန်ပြည်သူတွေကို နာဝပ်ရှာရစ်ဖ်က ပန်ကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ပြဿနာတွေထဲမှာ ငွေကြေးဖောင်းပွတာ၊ အလုပ်လက်မဲ့ပြဿနာ၊ မီးပြတ်တောက် နဲ့ တာလီဘန်သူပုန်တွေရဲ့ ပြဿနာတွေ ပါဝင်ပါတယ်။

မစ္စတာ ရှာရစ်ဖ်ရဲ့ အဓိက ပြိုင်ဘက်ကတော့ နာမည်ကျော် ခရစ်ကက် ကစားသမား Imran Khan ဖြစ်ပါတယ်။ မဲပေးသူအရေအတွက်ဟာ အရမ်းကိုများပြီး၊ တချို့နေရာတွေမှာ အားလုံးမဲပေးလို့ရအောင် ၃ နာရီလောက်ထပ်ပြီးတော့ မဲရုံတွေကို ဖွင့်ခဲ့ရပါတယ်။ ကရာချီးမြို့က အဝါမီပါတီရုံးမှာ ဗုံး ၂ လုံးကွဲခဲ့တာကြောင့် လူ ၁၀ ဦးထက် မနည်းသေဆုံးခဲ့တာ အပါအဝင် ရွေးကောက်ပွဲနေ့အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပါကစ္စတန်အစိုးရက နယူးယောက်တိုင်းသတင်းစာက သတင်းထောက် တစ်ယောက်ကို နိုင်ငံတွင်းကနေ နှင်ထုတ်ခဲ့ပါတယ်။
XS
SM
MD
LG