သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးဌာန ဖုန်းမှတ်တမ်း လျို့ဝှက်ရယူ


အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့က နိုင်ငံထဲက သန်းနဲ့ ချီတဲ့ တယ်လီဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကို စုဆောင်းခဲ့တယ်ဆိုတဲ့သတင်းကို Braintain သတင်းစာတစောင်က ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ April လထဲက လျို့ဝှက် ထုတ်ပြန်တဲ့ အမိန့်အရ အကြီးဆုံးအမေရိကန်တယ်လီဖုန်း Company တခုက တဆင့် ခုလို တယ်လီဖုန်းခေါ်ဆိုတဲ့ မှတ်တမ်းတွေကို စုဆောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီလိုလျှို့ဝှက် အမိန့်ထုတ်ပြန်တဲ့ သတင်းကို Britain နိုင်ငံထုတ် Guardian သတင်းစာကြီးက ဖော်ပြခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထဲမှာသာမက အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေကြား နေ့စဉ် တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု call logs တွေကို Verizon တယ်လီဖုန်း ကုမ္ပဏီကတဆင့် စုဆောင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလျို့ဝှက်အမိန့်အရ တယ်လီဖုန်း ခေါ်ဆိုမှုမှတ်တမ်းကိုသာ ဘာတွေပြောဆိုတယ်ဆိုတဲ့ စကားပြောဆက်သွယ်မှုတွေကိုတော့ စုဆောင်းပေးအပ်ဖို့ မလိုကြောင်း The Newyork Times နဲ့ Washington Post သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ Verizon တယ်လီဖုန်း ကုမ္ပဏီ ကိုယ်စားလှယ်ဖက်ကရော အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့နဲ့ အစိုးရ တာဝန်ရှိသူတွေဖက်ကရော ဒီသတင်းကို တုံ့ပြန်မှု တစုံတရာ မပေးခဲ့ကြပါဘူး။

လျို့ဝှက်အမိန့် ဟာ Patriot Act အမျိုးသားကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၊ ပြည်တွင်း လုံခြုံရေး ဆိုင်ရာ အချက်အလက် section 215 အရ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေအနေနဲ့ လုပ်ငန်းဆိုင်ရာ မှတ်တမ်း ရယူခွင့်နဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ က အမေရိကန်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့က တိုက်ခိုက်ခံရပြီး နောက်ပိုင်း အမျိုးသား ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ Patriotic Act ဥပဒေကိုပြဌာန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG