သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြတောင်းဆိုမှုတွေ တူရကီဝန်ကြီးချူပ် လိုက်လျောမည်မဟုတ်


တူရကီနိုင်ငံ အီစတန်ဘူမြို့က ထောင်ချီတဲ့ဆန္ဒပြသူများ။
တူရကီနိုင်ငံ အီစတန်ဘူမြို့က ထောင်ချီတဲ့ဆန္ဒပြသူများ။
တူရကီနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို အစပျိုးခဲ့တဲ့ အီစတန်ဘူ မြို့လယ်က ပန်းခြံငယ်တခုကို ပြန်လည်ပြုပြင်ရေး အစီအစဉ်ကို ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားမှာပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ဝန်ကြီးချုပ် Recep Tayyip Erdogan ကပြောလိုက်ပါတယ်။ ကြာသပတေးနေ့က တူနီရှားနိုင်ငံမှာရောက်နေစဉ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်သမားတွေ ပါဝင်ပတ်သက်နေတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ဆန္ဒပြပွဲတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး၊ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသား ၇ ယောက်ကိုတော့ အာဏာပိုင်တွေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရာထူးက ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန် မြောက်အာဖရိကနိုင်ငံတွေကို ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် ကတော့ ကြာသပတေးနေ့ နှောင်းပိုင်းမှာပဲ တူရကီကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။

ဝေဖန်သူတွေကတော့ ဝန်ကြီးချုပ်ဟာ အာဏာရှင်ဆန်ဆန် ပြုမူနေပြီး ဘာသာရေးအစွဲကင်းတဲ့ တိုင်းပြည်မှာ သူ့ရဲ့ အစ္စလာမ်အမြင်တွေကို သွတ်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲနေကြတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ ဆန္ဒပြသူတွေဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြတဲ့ အတိုက်အခံတွေရဲ့ မကျေနပ်မှုအဖြစ်နဲ့ တုန့်ပြန်ခဲ့ပြီး ဆန္ဒပြပွဲတွေကို တူရကီလူထု အများစုကလည်း မထောက်ခံဘူးလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG