သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတပူတင် ဇနီးနှင့်ကွာရှင်း


ရုရှားသမ္မတနှင့် ဇနီး။
ရုရှားသမ္မတနှင့် ဇနီး။
ရုရှားသမ္မတ Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်းလာတဲ့ သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက ဘဲလေးကပွဲ တခုကို တက်ရောက် အပြီး ပြုလုပ်တဲ့ ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းအတွင်း ကြေညာခဲ့ကြတာပါ။ ရုရှားသမ္မတနဲ့ ဇနီးတို့ အတူပူးတွဲ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်းမှာတော့ ကွာရှင်းဖို့ ၂ ယောက်စလုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။ အများပြည်သူ အာရုံစိုက်ခံရတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဇနီးသည်က သဘောမကျဘူးလို့လည်း သမ္မတ Putin က သတင်းထောက်ရဲ့ အမေးကို ဖြေကြားခဲ့တာပါ။

ဇနီးဖြစ်သူကတော့ သူတို့ ၂ ဦးကြား ဘယ်တုန်းကမှ သဘောထား မတိုက်ဆိုင်ခဲ့ကြသလို၊ ကိုယ်ပိုင်ဘဝမှာသာ နေခဲ့ကြတာမို့ အိမ်ထောင်ရေး အဆုံးသတ်ရတာလို့ ပြောပါတယ်။ လူအများ အာရုံစိုက်ခံရတာကို သူ့အနေနဲ့ သဘောမကျသလို၊ လေယာဉ်စီးပြီး ခရီးသွားရတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်။ ၂ ယောက်စလုံးကတော့ သားသမီးတွေကိုတော့ ချစ်မြတ်နိုးကြတဲ့ အကြောင်းနဲ့ မိတ်ဆွေတွေ အဖြစ်နဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ကြတာပါ။ ၁၉၈၃ ခုနှစ်က လက်ထပ်ခဲ့ကြပြီးတဲ့နောက်မှာတော့ သူတို့မှာ သမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။
XS
SM
MD
LG