သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်ပွဲ သေဆုံးသူ ၉ သောင်းကျော်


၂၀၁၃ခုနှစ်၊ ဇွန် ၁၃ရက်နေ့ နောက်ဆုံးရ ဆီးရီးယား သေဆုံးသူအရေအတွက် စာရင်း။
၂၀၁၃ခုနှစ်၊ ဇွန် ၁၃ရက်နေ့ နောက်ဆုံးရ ဆီးရီးယား သေဆုံးသူအရေအတွက် စာရင်း။
ဆီးရီးယားစစ်ပွဲအတွင်းသေဆုံးသူအရေအတွက်ဟာ အတည်ပြုနိုင်သလောက် ၉ သောင်း ၃ထောင်နီးပါး ရှိသွားပြီး တကယ့်သေဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ ကုလသမဂ္ဂပြော ပါတယ်၊ နောက်ဆုံးရရှိတဲ့ အရေအတွက်က April လ မတိုင်ခင်အထိ ရရှိထားတဲ့ အရေအတွက်ဖြစ်သလို အနည်းဆုံး အရေအတွက်ဖြစ်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီက ပြောပါတယ်။

ပြီးခဲ့နှစ် July လထဲကစလို့ လစဉ် ပျှမ်းမျှ ၅ ထောင်ကျော် သေဆုံးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်၊ ဒီအခြေအနေကို ကြည့်ခြင်းဖြင့် ဆီးရီးယား ပဋိပက္ခဟာ ပြီးခဲ့တဲ့ နှစ်ထဲမှာ သိသိသာသာ မြန်မြန်ဆန်ဆန် ဆိုးဝါးလာတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Navi Pillay ကသုံးသပ်ပါတယ်၊

စစ်ပွဲကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်ပေါင်းကလဲ ၆ ထောင့် ၅ ရာထက်
မနည်းရှိပြီလို့ ပြောပါတယ်၊ ကလေးတွေကို သူတို့ရဲ့ မိသားစုတွေနဲ့အတူ
နှိပ်စက်ညှင်းပမ်းတယ်ဆိုတဲ့ အထောက်အထားတွေတောင်ရှိတယ်လို့ Navi Pillayကပြောပါတယ်၊
XS
SM
MD
LG