သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကျောင်းသားများကို အာကာသထဲမှ တိုက်ရိုက် သင်ကြားပို့ချ


တရုတ်အမျိုးသမီး အာကာသယဉ်မှုးက တရုတ်ကျောင်းသူ ကျောင်းသားတွေ ကို
ကမ္ဘာကြီးရဲ့ ဆွဲငင်အား အကြောင်း အာကာသပေါ်ကနေ တိုက်ရိုက် သင်ပြနေစဉ်။ (ဇွန် ၂၀၊ ၂၀၁၃)
တရုတ်အမျိုးသမီး အာကာသယဉ်မှုးက တရုတ်ကျောင်းသူ ကျောင်းသားတွေ ကို ကမ္ဘာကြီးရဲ့ ဆွဲငင်အား အကြောင်း အာကာသပေါ်ကနေ တိုက်ရိုက် သင်ပြနေစဉ်။ (ဇွန် ၂၀၊ ၂၀၁၃)
တရုတ်အမျိုးသမီး အာကာသယဉ်မှုးက တရုတ်ကျောင်းသူ ကျောင်းသားတွေကို
ကမ္ဘာကြီးရဲ့ ဆွဲငင်အားအကြောင်း အာကာသပေါ်ကနေ တိုက်ရိုက် သင်ပြခဲ့ပါတယ်။ ကမ္ဘာမြေကြီးနဲ့ မိုင် ၂၀၀ ကျော်ဝေးတဲ့ အာကာသပေါ်ကနေ ဒုတိယမြောက် တရုတ်အမျိုးသမီး အာကာသယဉ်မှုး Wang Yaping က Video ဆက်သွယ်မှုနဲ့ ကျောင်းသားတွေကို တိုက်ရိုက် သင်ကြားပြခဲ့တာဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ကမှ အာကာသပေါ် တက်ခဲ့တဲ့ အာကာသယဉ်မှုး ၃ ယောက်ထဲက ၁ ယောက်ဖြစ်ပါတယ်။ Tiangong-1 အာကာသ စူးစမ်းရေး စခန်းပေါ်ကနေ ဘေဂျင်းမြို့ ကျောင်း တကျောင်း က ကျောင်းသူ ကျောင်းသားတွေ ရဲ့ အမေးတွေကို အာကာသ ယာဉ်မှုး Wang Yaping ကဖြေကြားခဲ့သလို၊ ကမ္ဘာ့ဆွဲငင်အား မရှိတဲ့နေရာမှာ အရာဝတ္ထုတွေ ဘယ်လိုတုံ့ပြန် လှုပ်ရှားသလဲ ဆိုတာတွေကိုလဲ လက်တွေ့ ပြသ သင်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအတွက် ပထမဆုံးဖြစ်တဲ့ အာကာသပေါ်ကနေ သင်ကြားပို့ချမှုကို စောင့်ကြည့် သင်ယူခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမပေါင်း သန်း ၆၀ ကျော်ရှိမယ်လို့ တရုတ်အစိုးရသတင်းက ခန့်မှန်းပါတယ်။
XS
SM
MD
LG