သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူ လေထုညစ်ညမ်းမှု အဆိုးဆုံး အခြေအနေရောက်


စင်ကာပူနိုင်ငံတွင်း လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေစဉ်။ ဇွန် ၂၀၊ ၂၀၁၃။
စင်ကာပူနိုင်ငံတွင်း လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေစဉ်။ ဇွန် ၂၀၊ ၂၀၁၃။
အင်ဒိုနီးရှားနိုင်ငံအတွင်းတောမီးလောင်ကျွမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ မီးခိုး တိမ်တိုက်တွေဟာ အိမ်နီးချင်း စင်္ကာပူနိုင်ငံရဲ့ ကောင်းကင်မှာ မကြုံစဖူး အုံ့ဆိုင်းနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေး အပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်။

မီးခိုးမြူမှုန်တွေကြောင့် လေထုညစ်ညမ်းမှု ပမာဏဟာ အဆိုးရွားဆုံး အနေအထားဖြစ်တဲ့ ၃၇၁ အမှတ်အထိ ရောက်ရှိ နေတဲ့အတွက် စင်္ကာပူ အာဏာပိုင်တွေက ပြည်သူတွေကို အဆောက်ဦတွေအတွင်းမှာသာ နေထိုင်ကြဖို့ ကြာသာပတေးနေ့မှာ နှိုးဆော်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တောင်ယာလုပ်ကိုင်သူတွေက နွေရာသီကာလမှာ တရားမဝင်တောမီးရှို့တာကနေ အခုလို မီးခိုးမြူမှုန်တွေ ထွက်ပေါ်နေ တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်အတွင်းမကြုံစဖူး ထူးထူးကဲကဲ များပြားလှတဲ့ မီးခိုးတိမ်တိုက်တွေကြောင့် အိမ်နီးချင်း ၂ နိုင်ငံအကြား သံတမန်ပိုင်းဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။

ဒီပြသနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ စင်္ကာပူ သဘာ၀ ပတ်ဝန်းကျင်ရေးရာဆိုင်ရာ ဝန်ကြီး ဗီဗီယမ် ဘားလတ် ကရစ်ရှ်နန် Vivian Balakrishnan က ကြာသာပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အခုတကြိမ်ကြုံတွေ့နေရတဲ့ မီးခိုးမြူမှုန်တွေဟာ အရင်ကထက် ပိုပြီး ဆိုးရွားနေကြောင်း သူကပြောပါတယ်။

အင်ဒိုနီးရှားကလည်း သူတို့နိုင်ငံက တောင်သူတွေကို ပညာပေးမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း တုန့်ပြန်ချေပပြောဆို ပါတယ်။ အစဉ်အလာအရ တောင်ယာစိုက်ပျိုးဖို့အတွက် မြေယာရှင်းလင်းတဲ့နေရာမှာ မီးရှို့ပြီး ရှင်းလင်းတဲ့ နည်းဟာ ကုန်ကျစားရိတ် သက်သာမှု အရှိဆုံးဖြစ်တာကြောင့် တောမီးရှို့နေကြတာလည်းဖြစ်ပါတယ်။
XS
SM
MD
LG