သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ


မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေများ။ သြဂုတ် ၁၈၊ ၂၀၁၁။
မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေများ။ သြဂုတ် ၁၈၊ ၂၀၁၁။
အမေရိကန်နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာနိုင်ငံတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့အချိန်မှာ ၊ အမေရိကန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကနေတဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း ခဝါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။

တိုကျို မစ်ဆူဘီရှီဘဏ်ဟာ ဒေါ်လာသန်းပေါင်း ၁၀၀ ဖိုးလောက်ရှိတဲ့ ၊ ငွေကြေး အလွဲှအပြောင်း ၃ သောင်းခန့်ကို သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၀၇ ခုနှစ်အကြား နယူးမှာရှိတဲ့ ဘဏ်ခွဲတွေကတဆင့် ဆောင်ရွက်ခဲ့တယ်လို့ နယူးယောက်မြို့ အရာရှိများက ပြောကြားလိုက်ပါတယ်။

ဒီငွေကြေး အလွှဲအပြောင်းတွေမှာ ရန်သူနိုင်ငံ တခု နဲ့ စပ်ဆက်မှုရှိနေတယ်ဆိုတာကို ဖေါ်ထုတ်ဖို့ ၊ အထက်ညွန်ကြားချက်အရ တမင်တကာ မဖော်ထုတ်ပဲနေခဲ့ကြတယ်လို့ စစ်ဆေးရေးအရာရှိတွေက ဆိုပါတယ်။ အစောပိုင်းကတော့ ၊ ဒီအမှုအတွက် ဒဏ်ငွေ ၈ သန်းခွဲကို အမေရိကန်အာဏာပိုင်တွေကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဘဏ်ကတော့ ဒီတရားမဝင်ငွေကြေးလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်အရာရှိတွေကို သူတို့နဲ့သဘောနဲ့ သူတို့ အကြောင်းကြားခဲ့ပြီးဖြစ်တယ်၊ အဲဒီအချိန်ကစပြီး ဘဏ်တွင်း ထိန်းချုပ်မှုတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လာခဲ့တယ်လို့ ပြောပါတယ်။
XS
SM
MD
LG