သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား မီးခိုးမြူတွေ စင်္ကာပူကို ဖုံးလွှမ်း


လေထုညစ်ညမ်းမှုဖြစ်ပွားနေတဲ့ စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး လုပ်သားတွေ ကို နှာခေါင်းစည်းစွပ်တွေနဲ့တွေ့ရစဉ်။ (ဇွန် ၂၀၊ ၂၀၁၃)
လေထုညစ်ညမ်းမှုဖြစ်ပွားနေတဲ့ စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး လုပ်သားတွေ ကို နှာခေါင်းစည်းစွပ်တွေနဲ့တွေ့ရစဉ်။ (ဇွန် ၂၀၊ ၂၀၁၃)
အိမ်နီးချင်း အင်ဒိုနီးရှား နိုင်ငံက သစ်တောတွေကို မီးရှို့နေတဲ့အတွက် စင်္ကာပူနိုင်ငံမှာ လေထုညစ်ညမ်းမှု ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ စင်္ကာပူ ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး ဒီလိုဖြစ်နေတာဟာ သီတင်းပါတ်နဲ့ ချီပြီးကြာနိုင်သလို လပေါင်းများစွာလည်း ကြာနိုင်တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ကစပြီး မီးခိုးတိမ်တိုက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ စင်္ကာပူနိုင်ငံမှာ အခုထိ ဆိုးဝါးဆဲ ဖြစ်သလို အင်ဒိုနီးရှားက Sumatra ကျွန်းမှာ စက်တင်ဘာ အောက်တိုဘာ ခြောက်သွေ့ ရာသီရောက်မှပဲ ဒါတွေ ပျောက်သွားဖို့ ရှိတယ်လို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loon က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြာသပတေးနေ့ နေ့လည် စင်္ကာပူနိုင်ငံရဲ့ လေထုညစ်ညမ်းမှု စံသတ်မှတ်ချက်ဟာ ၁၉၉၇ ခုနှစ်တုန်းက စံထက်ကျော်သွားပြီး ၃၇၁ မှတ်ထိ စံတင်သွားခဲ့တာဖြစ်ပါတယ်။

စင်္ကာပူမှာ အလုပ်အသွားအပြန် နှာခေါင်း စည်းတွေ တပ်ပြီး သွားနေကြတာမို့ ဈေးဆိုင်တွေမှာ နှာခေါင်းစည်းတွေတောင် ရောင်းစရာ မရှိတော့ပဲ လက်ကိုင်ပုဝါတွေ စက္ကူလက်သုတ်ပုဝါတွေအုပ်ပြီး သွားနေကြရပါတယ်။ သစ်ပင်မီးလောင်တဲ့ အနံ့တွေက သိပ်ပြင်းတာမို့ မြေအောက်ရထားလမ်း တွေအထိရောက်နေပါ တယ်။ မိသားစုအများအပြားက အိမ်မှာပဲနေနေကြပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ သစ်တောမီးရှို့မှုတွေကို ကန့်ကွက်နေကြပါတယ်။

စင်္ကာပူနိုင်ငံ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ အကြီးအကဲ Andrew Tan ဟာ အခု အင်ဒိုနီးရှား အရာရှိတွေနဲ့ Jakata မှာတွေ့ဆုံ ဆွေးနွေးနေပါတယ်။ မြေထွန်ယက်ဖို့ ရှင်းလင်းရာမှာ ကုမ္ပဏီတွေက လွယ်လွယ်ကူကူပဲ သစ်တော မီးတင်ရှို့တဲ့နည်းကို သုံးနေတာမို့ ဒါကို ပြန်သုံးသပ်ဖို့လည်း အင်ဒိုနီးရှားအစိုးရကို တောင်းဆိုပါတယ်။
XS
SM
MD
LG