သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ ပူးပေါင်းကူညီမှု သဘောတူ လက်မှတ်ထိုး


အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန ဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာ လက်မှတ်ထိုး ခဲ့ကြစဉ်။ (ဇွန် ၂၇၊ ၂၀၁၃) Photo Credit to U.S. Embassy Rangoon
အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန ဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာ လက်မှတ်ထိုး ခဲ့ကြစဉ်။ (ဇွန် ၂၇၊ ၂၀၁၃) Photo Credit to U.S. Embassy Rangoon
အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို့ သမ္မတ Barack Obama ၂၀၁၂ ခုနှစ်မှာ ကတိပြုထားချက်ကို တရားဝင်ဖြစ်စေတဲ့ သဘောတူချက် ကို အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန ဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာ လက်မှတ်ထိုး ခဲ့ကြတာဖြစ် ပါတယ်၊ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ၂ နိုင်ငံလုံးက ဆက်ပြီး အားပေးသွားမယ် ဆိုတာကို အခု သဘောတူမှုက အာမခံလိုက်တာပဲလို့ သံအမတ်ကြီး Mitchell ကပြောပါတယ်။

ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ရှိသလို ရေရှည်ခံတဲ့ တိုးတက်မှုနဲ့ အလုံးစုံတိုးတက်မှုအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကပြောတဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ကိုးကားဖော်ပြ ထားပါတယ်၊ ဒီကနေ့ အမေရိကန်နဲ့ မြန်မာအစိုးရတို့ အပြန်အလှန် သဘောတူခဲ့တဲ့ သဘောတူချက်ထဲမှာ အစိုးရ ၂ ခုကြား ပူးပေါင်း ကူညီမှုနဲ့ ပါတ်သက်တဲ့ အသေးစိတ် လမ်းညွှန်ချက်တွေကို အသေးစိတ်ဖော်ပြ ထားပါတယ်။

အထူးသဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စားရေရိက္ခာဖူလုံရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID က ကူညီထောက်ပံ့မှုပေးမယ့်ကိစ္စတွေကို အသေးစိတ် သဘောတူ ခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG