သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ လူမျိူးရေးအဓိကရုဏ်း ၃၅ ယောက်သေ


တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်
တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်
တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွါးခဲ့တဲ့ အဓိကရုဏ်းတွေကနေ သေဆုံးသူ ၃၅ ယောက်အထိ တိုးသွားပြီဖြစ်ပါတယ်။ ဒီအဓိကရုဏ်းဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး အကြမ်းဘက် အတိုက်ခိုက်ခံခဲ့ရတာလို့ တရုတ်အစိုးရက ပြောပါတယ်။

ရှန်ရှန်း (Shanshan) ပြည်နယ် လုကွန်(Lukqun) မြို့နယ်မှာ မနက်အစောပိုင်းဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုကို အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တရုတ်အစိုးရ Xinhwa သတင်းမှာ ကြာသပတေးနေ့က ဖေါ်ပြထားပါတယ်။ အကြမ်းဖက်သူတွေဟာ ရဲစခန်းတွေ ပြည်နယ် အစိုးရအဆောက်အဦးတွေနဲ့ ဆောက်လုပ်ရေးဝင်းတခုမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ရဲအရာရှိ ၂ ဦးအပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သူ ၁၁ ဦးသေဆုံးခဲ့ရပြီး အခုတော့ မြို့နယ် အာဏာပိုင်တွေက နယ်မြေပြန်လည်တည်ငြိမ်အောင် ထိမ်းထား နိုင်ပြီလို့ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ Xinjiang ခရိုင်ထဲက လူနည်းစု မူစလင် Uighur ၁၆ ဦးလည်း ပါဝင်တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

ဒေသခံတွေကတော့ အခင်းဖြစ်ပွါးပြီးတဲ့နောက်ပိုင်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ပြောကြပါတယ်။ Xinjiang ခရိုင်ထဲမှာ ၂၀၀၉ ခုနှစ်က Urmqui မြို့တော်မှာဖြစ်ပွါးခဲ့တဲ့ Uighur လူနဲစုတွေနဲ့ ဒေသခံ ဟန်တရုတ်တွေကြား လူမျိုးရေး အဓိကရုဏ်းတွေကြောင့် လူပေါင်း ၂၀၀ လောက်သေဆုံးခဲ့ချိန်ကစပြီး အခုထိ အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေပြီး ခုနောက်ဆုံး ဖြစ်ပွါးတဲ့ အဓိကရုဏ်းကတော့ လူသေဆုံးမှု အများအပြား ရှိခဲ့တာပါ။
XS
SM
MD
LG