သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ယာယီသမ္မတ ကျမ်းကျိန်


အီဂျစ်နိုင်ငံ ဗဟိုတရားရုံးချုပ် တရားသူကြီးချုပ် Adly Mansour နိုင်ငံအကြီးအကဲအဖြစ်တာဝန်ယူဖို့ ကျမ်းသစ္စာ ကျိမ်ဆိုတဲ့ အခမ်းအနား ကျင်းပစဉ်။
အီဂျစ်နိုင်ငံ ဗဟိုတရားရုံးချုပ် တရားသူကြီးချုပ် Adly Mansour နိုင်ငံအကြီးအကဲအဖြစ်တာဝန်ယူဖို့ ကျမ်းသစ္စာ ကျိမ်ဆိုတဲ့ အခမ်းအနား ကျင်းပစဉ်။
အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ပထမဦးဆုံးရွေးကောက် တင်မြှောက်ထားတဲ့ သမ္မတကို စစ်တပ်က ဖြုတ်ချပစ်ခဲ့ပြီးနောက်တရက်မှာ ကြားဖြတ် အုပ်ချုပ်ရေးကို ဦးဆောင်မယ့် ခေါင်းဆောင်သစ်ဟာ တရားဝင် ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ပါတယ်။ ဒီအတောအတွင်း ဖြုတ်ချခံခဲ့ရတဲ့ သမ္မတကို ထောက်ခံသူကို ဖြိုခွင်းဖို့ လုပ်နေတဲ့ အရိပ်အယောင်တွေလည်း တွေ့မြင်နေရပါတယ်။

အီဂျစ်နိုင်ငံ ဗဟိုတရားရုံးချုပ် တရားသူကြီးချုပ် Adly Mansourဟာ ကြားဖြတ် အစိုးရရဲ့ သမ္မတ အဖြစ်နဲ့ ကြာသပတေးနေ့က ကျမ်းသစ္စာ ကျိမ်ဆိုနေတာကို ရုပ်သံကနေ လွှင့်ထုတ်ခဲ့ပါတယ်။ မစ္စတာ မန်ဆော် က တော်လှန်ရေးရဲ့ တန်ဖိုးကို ဆက်လက် ဆွဲကိုင်သွားမှာ ဖြစ်တဲ့အကြောင်း ပြည်သူလူထုကို ပထမဦးဆုံး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သူ့အနေနဲ့ သမ္မတနိုင်ငံတော် အုပ်ချုပ်မှုစနစ်ကို ကာကွယ်သွားမှာဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဥပဒေကို လေးစားသလို ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မှုပေးမှာ ဖြစ်တဲ့အကြောင်း အမိမြေရဲ့ လွတ်လပ်ရေးနဲ့ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်မှာ ဖြစ်ကြောင်းလည်း အီဂျစ်နိုင်ငံတော် အခြေခံဥပဒေ တရားရုံး ခမ်းမဆောင်ကနေ ပြောဆိုသွားခဲ့တာပါ။

စစ်တပ်က သမ္မတဟောင်းကို ဖြူတ်ချလိုက်ပြီးတဲ့နောက် ထောင်ပေါင်းများစွာရှိတဲ့ ဆန္ဒပြ ပြည်သူတွေဟာ ကိုင်ရိုမြို့လည်မှာရှိတဲ့ တီဟီရာ ရင်ပြင်မှာ ပျော်ရွှင်မြူးတူးနေကြပါတယ်။
မြူးတူးပျော်ရွှင်နေကြတဲ့ လူအုပ်ကြီးက အီဂျစ်နိုင်ငံ အဓွန့်ရှည်ပါစေလို့ ကြွေးကြော်နေကြချိန် စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေက ရပ်ပြီး စောင့်ကြည့်နေပါတယ်။


စစ်တပ်က ဖမ်းဆီးထိန်းသိမ်းသွားတာ မခံရခင်မှာ မစ္စတာမော်စီက စစ်တပ်ရဲ့ စီစဉ်ဆောင်ရွက်မှုကို ဝေဖန်ပြစ်တင်ခဲ့ပြီးတော့ ဒါဟာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောသွားပါတယ်။ အီဂျစ်ရဲ့ပြည်သူတွေ အနေနဲ့ စစ်တပ်ရဲ့ စွက်ဖက်မှုကို လက်မခံကြဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ ဒီမိုကရေစီနည်းကျရွေးချယ် ထားတဲ့ သမ္မတကို စစ်တပ်ကနေ ဖြုတ်ချခဲ့တဲ့အတွက် အီဂျစ် နိုင်ငံ အပေါ် ပေးအပ်နေတဲ့ အမေရိကန်ရဲ့ အကူအညီတွေကို ပြန်လည် သုံးသပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။

အမေရိကန်နဲ့ နှစ်ပေါင်းရှည်ကြာ လက်တွဲခဲ့တဲ အီဂျစ်နိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အမြန်ဆုံးပြန်လည် သွားကြဖို့ တိုက်တွန်းကြောင်း စစ်တပ်ရဲ့ ဆုံးဖြတ်ချက် အပေါ်သူ စိုးရိမ်မှုဖြစ်ရကြောင်း ထုတ်ပြန်ကြေညာပါတယ်။

အရပ်သားအုပ်ချုပ်မှုကို အမြန်ဆုံးပြန်သွားဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တိုက်တွန်းလိုက်ပါတယ်။
XS
SM
MD
LG