သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဘဏ္ဍာငွေ သွင်းဖို့ ပျက်ကွက်


စက်မှုဝန်ကြီးဌာန ( သတင်းဓာတ်ပုံ- စက်မှုဝန်ကြီးဌာန တရားဝင် Face Book စာမျက်နှာမှ ကူးယူဖော်ပြသည်)
စက်မှုဝန်ကြီးဌာန ( သတင်းဓာတ်ပုံ- စက်မှုဝန်ကြီးဌာန တရားဝင် Face Book စာမျက်နှာမှ ကူးယူဖော်ပြသည်)
စက်မှုဝန်ကြီးဌာနနဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့က ရရှိတဲ့ ဝင်ငွေ ကျပ် သန်းပေါင်းများစွာ ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်ပေးသွင်းဖို့
ပျက်ကွက်ခဲ့ တာနဲ့ ပါတ်သက်လို့ စာရင်းစစ်ချုပ်ရုံးရဲ့တွေရှိချက်ကို
ပြည့်သူ့ ငွေစာရင်းကော်မတီက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့
တင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာန ၂ ခုက နိုင်ငံတော်ကို ဘဏ္ဍငွေ ပြန်
မသွင်းတဲ့ ကိစ္စကို စာရင်းစစ်ချုပ်ရုံးက သမ္မတနဲ့ လွှတ်တော်တွေကို
အသိပေး ခဲ့ပြီးနောက် မှာ ပြည့်သူ့ ငွေစာရင်းကော်မတီက ပြည်ထောင်စု
လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်၊ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာပါ။

ဝန်ကြီးဌာနတွေက နိုင်ငံတော်ကို ဘဏ္ဍာငွေ တွေ ပေးသွင်းဖို့ ကျန်ရှိနေ တာတွေ ကို စာရင်းစစ် ချုပ်ရုံး က တွေ့ရှိတဲ့ အပေါ်မှာ အခြေခံ ပြီးတော့ လွှတ်တော်၂ ရပ် က ပူးပေါင်း ဖွဲ့စည်း ထားတဲ့ ပြည်သူ့ငွေစာရင်းကော်မတီက ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့ မှာ ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာန နဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ဟာ ၂၀၀၇ ခုနှစ် ကစပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို သွင်းရမယ့် ငွေကြေး သန်းပေါင်းများစွာကို ပေးသွင်းဖို့ ကျန်နေတဲ့ အတွက် စာရင်းစစ်ချုပ် ရုံး က နေ နိုင်ငံတော်သမ္မတ နဲ့ လွှတ်တော် ၂ ရပ်ကို အသိပေးခဲ့တယ်လို့ လွှတ်တော် ၂ ရပ် က ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပြည်သူ့ ငွေစာရင်း ကော်မတီ မှာ ပါဝင်သူတွေကပြောပါတယ်။

ဒါကြောင့် ဒီဝန်ကြီး ဌာန ၂ ခု က နိုင်ငံကို သွင်းဖို့ ကျန်နေတဲ့ ငွေတွေ
ဘယ်တော့ ပြန်သွင်းနိုင်မလဲ ဆိုတာနဲ့ ပါတ်သက်လို့လဲ လွှတ်တော် ၂ ရပ် က
ဖွဲ့စည်းထားတဲ့ ပူးပေါင်းငွေစာရင်းကော်မတီ က ဝန်ကြီးဌာနက
ထိပ်ပိုင်း တာဝန်ရှိသူတွေ က ခေါ်ယူမေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့ အဓိက
အကြောင်းနဲ့ ပါတ်သက်လို့ ပြည်သူ့ငွေစာရင်းကော်မတီ ဒုဥက္ကဌလဲဖြစ်
ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဌလဲဖြစ်တဲ့
ဦးသူရိန်ဇော်ကပြောပါတယ်။

"ပြည်သူ့လွှတ်တော်က မေးပြီးတော့မှ ကျနော်တို့က သိချင်တာတွေကို ထပ်ခေါ်မေးတာပါ။ သိပ်မကျေလည်တဲ့ဌာန၊ နည်းနည်း ဟိုဝှာဖြစ်တဲ့ ဌာန ခေါ်မေးတာပါ။"

ဝန်ကြီးဌာန တွေ အနေနဲ့ ပြည်သူ့ဘဏ္ဍငွေတွေ ကို သုံးစွဲနေတာ ဖြစ်တဲ့ အတွက်ထင်သာမြင်သာ ရှိရှိ လုပ်ကိုင်ကြဖို့ နဲ့ စာရင်းတွေကို လည်း စနစ် တကျ တကျ ထားရှိဖို့ ပြည်ထောင်စု အစိုး၇ စီမံဖို့ တွေ ကို လည်း ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သူက တင်ပြ ခဲ့ပါတယ်။

" ပြည်သူ့ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး ပြည်သူများ ထင်သာမြင်သာဖြစ်စေရန် အတွက် စာရင်းအထားအသို စစ်ဆေးမှုများတွင် နိုင်ငံတကာ စံနှုန်းများနှင့် အညီဖြစ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။ အထက်ပါ ပြည်ထောင်စု လွှတ်တော်ကော်မတီရဲ့ ၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော်ရ၊ သုံးများ အပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စစ်ဆေးချက်အစီရင်ခံစာ အား စိစစ်တင်ပြခြင်း အမှတ်(၁) -၂၀၁၃အား ပြည်ထောင်စု လွှတ်တော်မှ ဆွေးနွေး စဉ်းစားပေးပါရန် နာယကကြီးမှတဆင့် အဆိုတင်သွင်း အပ်ပါသည်ခင်ဗျား။"

အခုလို ဝန်ကြီးဌာန ၂ ခု ဖြစ်တဲ့ စက်မှု နဲ့ သတ္တု တွင်း ဝန်ကြီးဌာန
တွေဖက်ကတော့ ပေးသွင်းဖု့ိကျန်တဲ့ ပြည့်သူ့ဘဏ္ဍာ တွေကို ဒီနှစ် ၂၀၁၃ မတ်လဘဏ္ဍာနှစ်အတွင်းမှာ ပေးသွင်းဖို့ ကို ဂတိပေးသွားခဲ့တယ်လို့ ဆိုပါတယ်

" အခုထက်ကတော့ စက်မှုကတော့ ပြေလည်သွားပြီ။ သူက တခုပြတယ် အဲ့လိုပေါ့လေ။ သတ္တုကတော့ ဒီဘက်ဂျက်နှစ်ကုန်ပေါ့လေ အဲ့လိုပေါ့။ ဘက်ဂျက်နှစ်ကုန် မတ် ၃၁ရက်နေ့အတွင်းပေါ့။ သတ္တုက နည်းမည်းများတယ်။ မတ်လ ၃၁ရက်အတွင်း ပေးမယ်ပေါ့ အဲ့လိုပေါ့နော်။"

စက်မှု ဝန်ကြီး ဌာန က နိုင်ငံတော် ကို ပေးသွင်းဖို့ ငွေကျပ် ၄၂ သန်း ပေးသွင်းဖို့ ကျန်နေသေးပြီး ၊ သတ္တုတွင်းဝန်ကြီးဌာန က ငွေကျပ် ၄၁၀၂၁.၄၆ သန်း ပေးသွင်း ဖို့ အသီးသီး ကျန်နေတယ်လို့ စာရင်းစစ်ချုပ်ရုံး ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးလှဆွေ ကပြောပါတယ်။

"စက်မှုဝန်ကြီးဌာနကဗျာ ပိုက်ဆံတွေ ပေးသွင်းဖို့ အများကြီးကျန်တယ်။ အမှတ်၃ အကြီးစားစက်မှုလုပ်ငန်း သွင်းဖို့ငွေကျန်တယ်။ အထည်ချုပ်လုပ်ငန်းကျန်တယ်။ စက်မှုဆေးဝါးကျန်တယ်။ စက်မှုဝန်ကြီးဌာနလက်အောက်ပေါ့နော်။ စက်မှုဝန်ကြီးဌာန ပေးသွင်းရန်ကျန်ငွေက ၄၂သန်းပေါ့။ သတ္တုတွင်းက နောက်ဆုံးသွင်းဖို့ကျန်တာကဗျာ ၄၂၀၂၁.၄၆ကျပ် ကျန်တယ်။ ကုမ္ပဏီ ၃၅ခုက သွင်းဖို့ကျန်တယ်။"

အခု လို သတ္တတွင်းဝန်ကြီးဌာနက ကျန်တဲ့ ငွေတွေ ဟာ ရေထုတ်လုပ်ရေး လုပ်နေတဲ့ ကုမ္ပဏီ ၃၅ ခု က ပေးသွင်းဖို့ ကျန်နေတာ ဖြစ်ပြီးတော့ တိုက်ပွဲ တွေ ဖြစ်နေတဲ့ ကချင် ပြည်နယ် လို နေရာ မျို း မှာရှိတဲ့ ရွှေတွင်းတွေက
ပိုက်ဆံတွေ မသွင်းနိုင်သေးတာ ဖြစ်တယ် ဝန်ကြီးဌာန တာဝန်ရှိသူ တွေက
ရှင်းလင်း ထွက်ဆိုသွားတဲ့အကြောင်း ဦးလှဆွေက ပြန်ပြောပြပါတယ်။

ဒီငွေကြေး တွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ်အမြန်ဆုံး သွင်းနိုင်ဖို့ ပူပေါင်း
ပြည်သူ့ လွှတ်တော် ငွေစာရင်းကော်မတီ က တိုက်တွန်းခဲ့တယ်လို့ လည်း ကော်မတီဝင်တွေရဲ့ အပြောအရ သိရပါတယ်။
စက်မှု ဝန်ကြီး ဌာန ကလဲ သူတို့ ဘာကြောင့် ဘဏ္ဍာငွေ မသွင်းနိုင်သလဲ ဆိုတာကို လွှတ်တော်မှာ ခုလို ရှင်းပြခဲ့တယ်လို့ ဦးသူရိန်ဇော်က ပြောပြပါတယ်။

" စက်မှုက သူကရှင်းပြတာဗျာ တလလားမသိဘူး။ သွင်းဖို့ကျန်တဲ့ဟာကို စောင့်ထားတာက သူတို့မှာ ဆောက်ထားတဲ့ အဆောက်အဦးကြီးရှိတယ်။ ကုမ္ပဏီက ဆောက်ပြီး ထားထားတာ၊ အဲ့တာကို သူတို့ပြန်စစ်လိမ့်မယ်။ တစ်သန်းလောက်နီးနီးပြန်ရလိမ့်မယ်။ အစက ဂိုဒေါင်တို့ဘာတို့ ဆောက်ထားခဲ့တာ။ အဲ့တာက နည်းနည်းကျေတဲ့သဘောရှိတယ်။ ဒါပေမဲ့ ကျန်တာက စာရင်းစစ်ရုံးက ပြန်စစ်ရမှာ၊ ဒီအဆောက်အဦးက အဲ့သလောက် တန်လားမတန်လားဆိုတာပေါ့နော်။"

ဝန်ကြီးဌာနတွေက နိုင်ငံတော် ကို သွင်းဖို့ ကျန်နေတဲ့ ငွေကြေး တွေ ဟာ အရင်
စစ်အစိုး ရလက်ထက်က ပေးသွင်းဖို့ ကျန်နေတဲ့
လက်ကျန်ငွေတွေဖြစ်ပါတယ်။
XS
SM
MD
LG