သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Serb ခေါင်းဆောင် Karadzic အပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပြန်လည်စွဲဆို


Netherlands War Crimes Karadzic
Netherlands War Crimes Karadzic
ယူဂိုဆလားဗီးယား နိုင်ငံဟောင်းမှာ ၁၉၉၂ ကနေ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွား ခဲ့တဲ့ စစ်ပွဲအတွင်း ဆာဗ်လူမျိုး မဟုတ်တဲ့ သူတွေကို သတ်ဖြတ်မှုတွေနဲ့ ဆက်နွယ်ပြီး ဘော့စ်နီးယား-ဆာဗ် ခေါင်းဆောင်ဟောင်း Radovan Karadzic အပေါ် ကုလသမဂ္ဂ စစ်ရာဇဝတ် ခုံရုံးက လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ပြန်လည် စွဲချက်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာတုန်းက လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ထားတာကို ကြာသပတေးနေ့ မှာ ပြန်လည်ပြင်ဆင်လိုက်တာပါ။

၁၉၉၅ ခုနှစ်တုန်းက မူဆလင် အမျိုးသားနဲ့ ယောက်ကျားလေး ၈ ထောင်လောက်ကို Sbrenica မှာ သတ်ဖြတ်ခဲ့မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အမှုနဲ့လည်း ဘော့စ်နီးယား-ဆာဗ် ခေါင်းဆောင်ဟောင်းကို သီးခြားစွဲချက်တင်ခဲ့ပါတယ်။ ဘော့စ်နီးယားမှာ ဆာဗ်လူမျိုး မဟုတ်သူတွေကို သတ်ဖြတ်မှု၊ သုတ်သင် ရှင်းလင်းမှု၊ နိုင်ငံကနှင်ထုတ်မှု၊ လူမျိုးတုန်းအောင် လုပ်ခဲ့တာတွေ အပါအဝင် အမှုပေါင်း ၉ မှုနဲ့ ဆာဗ်ခေါင်းဆောင်ဟောင်း ရင်ဆိုင်နေရတာပါ။

Sbrenica လူသတ်ပွဲ ၁၈ နှစ်ပြည့်ချိန်မှာပဲ ကုလသမဂ္ဂစစ်ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အစုလိုက် အပြုံလိုက် မြုပ်နှံထားတဲ့ နေရာတွေက တွေ့ရှိခဲ့ပြီး ဒီအထဲက ဘယ်သူ ဘယ်ဝါဆိုတာကို မကြာသေးခင်ကမှ စစ်ဆေးသိရှိလာခဲ့ရတဲ့ အလောင်း ၄၀၉ လောင်းကို သဂြိုၤဟ်မယ့် ဈာပန အခန်းအနားကိုတော့ လူပေါင်းထောင်နဲ့ချီ တက်ရောက် ကြလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
XS
SM
MD
LG