သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ အသက်အရှည်ဆုံး ကရင်ဖိုးဖိုး


ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ကရင်တိုင်းရင်းသား တဦးကို ကမ္ဘာ့အသက်ကြီးဆုံး အဖိုးအိုအဖြစ် မှတ်တမ်းတင်နိုင်ဖို့ ထိုင်းတာဝန်ရှိသူတွေ ကြိုးပမ်းနေပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဟောင်ဆောင်ခရိုင် Muang Pam ကျေးရွာမှာ နေထိုင်သူ Kamu အမည်ရှိတဲ့ ကရင်တိုင်းရင်းသား အဖိုးအိုဟာ အသက် ၁၁၉ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့အတွက် Guinness ကမ္ဘာ့မှတ်တမ်းမှာ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေကြတာပါ။

၁၈၉၄ ခုနှစ် မေလ ၈ ရက်နေ့က မွေးဖွားခဲ့သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းထားတာကို အတည်ပြုနိုင်ဖို့ အတွက်လည်း ထိုင်းအာဏာပိုင်တွေ ဗုဒ္ဓဟူးနေ့ကပဲ သူ့ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ အသက် ၁၁၉ နှစ်အရွယ် ကရင်အဖိုးအိုဟာ ငါးဖမ်းတာ ဝါသနာပါသူ တဦးဖြစ်သလို၊ ထမင်းနဲ့ ငါး၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား စားသုံးသူလို့လည်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

တချိန်တည်းမှာပဲ နောက်ထပ် အသက် ၁၁၆ နှစ်နဲ့ ၁၀၅ နှစ် အရွယ် ရှိသူ ကရင်တိုင်းရင်းသူ ဖွားသက်ရှည် ၂ ဦးထံကိုလည်း ထိုင်းအာဏာပိုင်တွေက သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။
XS
SM
MD
LG