သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်စင်ပြိုင် ဆန္ဒပြပွဲတွေကြောင့် အကြမ်းဖက်မှုဖြစ်လာနိုင်


အီဂျစ်ဆန္ဒပြပွဲ (ဇူလိုင် ၂၅၊ ၂၀၁၃)
အီဂျစ်ဆန္ဒပြပွဲ (ဇူလိုင် ၂၅၊ ၂၀၁၃)
အီဂျစ်မှာ ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ သမ္မတ မိုဟာမက်မော်စီ ကို ထောက်ခံသူတွေက မစ္စတာ မော်စီကို ရာထူးပြန်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေနဲ့အပြိုင် ဆန္ဒပြမှုတွေ သောကြာနေ့မှာလုပ်သွားဖို့ အီဂျစ်ပြည်သူအများအပြား တက်ကြွနေကြပါတယ်။
ကြားဖြတ်အစိုးရဝန်ကြီးအဖွဲ့ ခေါင်းဆောင် Hazem el-Beblawi က အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ချေရှိတဲ့အပေါ်မှာ စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

လက်နက်အခိုင်အမာတပ်ဆင်ထားတဲ့ ဆန္ဒပြသူတွေကနေ အစိုးရဌာန အဆောက်အဦးတွေ တိုက်ခိုက်မှုတွေ တိုးပြီး လုပ်လာနေတယ်လို့ သူက ပြောပါတယ်။ အီဂျစ်ရဲ့ အမြင့်ဆုံးသော လုံခြုံရေးဆိုင်ရာ ဌာနဖြစ်တဲ့ အမျိုးသားကာကွယ်ရေးကောင်စီ က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာမှာတော့ အာဏာပိုင်တွေဟာ ငြိမ်းချမ်းတဲ့ဆန္ဒပြသူတွေရဲ့ လုံခြုံရေးကို အာမခံဖို့ သန္နိဌာန်ချထားပေမဲ့ လုံခြုံရေးကို အန္တာရယ်ပြုတဲ့ ဘယ်သူ့ကိုမဆို သည်းခံမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

ပြည်သူတွေကို အကြမ်းဖက်တဲ့ ဥပဒေချိုးဖောက်မှုတွေကို အဆုံးသတ်အောင် အရေးယူဆောင်ရွက်တဲ့နေရာမှာ အာဏာပိုင်တွေ အနေနဲ့ ဥပဒေနဲ့အညီ၊ လူ့အခွင့်အရေးဘောင် အတွင်းကနေ ဆောင်ရွက်သွားမယ့်အကြောင်းလည်း ကတိပြု ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ အီဂျစ် မူစလင်ညီအစ်ကိုတော်များ အဖွဲ့ ခေါင်းဆောင် ကလည်း အီဂျစ်စစ်ဦးစီးချုပ်ကို ထူးထူးခြားခြားဆိုသလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မစ္စတာ မော်စီကို ဖယ်ရှားတာဟာ အစ္စလာမ်တို့ရဲ့ အမြင့်မြတ်ဆုံး ဘာသာရေးအဆောက်အဦး Kaaba ကို ဖျက်ဆီးတာထက် ပိုပြီးတော့ ဆိုးရွားတဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ သူက ဝေဖန်သွားခဲ့တာပါ။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdel Fattah al-Sissi ကို ဝေဖန်တဲ့ Mohammed Badie ရဲ့ ခုလို မှတ်ချက်ဟာ ဇူလိုင်လ ၃ ရက်နေ့က သမ္မတမော်စီကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့အပေါ်မှာ အစ္စလာမ်ဝါဒီတွေ ဘယ်လောက် အမျက်ဒေါသထွက်နေကြသလဲဆိုတာကို ထင်ရှားစေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG