သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို


အီရန်သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ မစ္စတာ Rouhani။
အီရန်သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ မစ္စတာ Rouhani။
အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့က အယူဝါဒစွဲသိပ်မပြင်းထန်တဲ့ မူဆလင် တရားဟောဆရာ Hassan Rouhani ဟာ အီရန်လွှတ်တော်ရှေ့မှောက် သမ္မတ အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ အီရန်နိုင်ငံကို မုန်းတီးမှုနဲ့ ရန်လိုမှုတွေ လျှော့ချနိုင်ဖို့အတွက် အနောက်နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အီရန် ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က သူ့ရဲ့ သမ္မတရာထူး အတွက် အတည်ပြုချက် တရားဝင် ထုတ်ပြန်ခဲ့ပြီးတဲ့နောက်နေ့မှာပဲ မစ္စတာ Rouhani က၊ ပြိုင်ဘက် နိုင်ငံတွေအနေနဲ့ အီရန်ကို အရေးယူဒဏ်ခတ်မှုတွေ လုပ်မယ့်အစား လေးစားမှုနဲ့ ဆက်ဆံပြောဆိုသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံသားတွေဟာ နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးနဲ့ ကြွယ်ဝချမ်းသာလာစေဖို့အတွက် ဆန္ဒမဲပေးရင်း တောင်းဆိုခဲ့ကြတာမို့ နိုင်ငံတွင်း အဂတိ လိုက်စားမှုတွေနဲ့အတူ ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးကိုမဆို တိုက်ဖျက်သွားမယ်လို့ မစ္စတာ Rouhani က ကတိပေးခဲ့ပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ တရားဟောဆရာ မစ္စတာ Rouhani ဟာ ဇွန်လထဲမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ရှေးရိုးစွဲဝါဒီ သူ့ရဲ့ ပြိုင်ဘက်တွေကို အသာလေးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီယားဆိုင်ရာ မူဝါဒတွေကြောင့် နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုခံရပြီး ယိုယွင်းလာတဲ့ အီရန်ရဲ့ စီးပွားရေး ပြေလည်စေဖို့အတွက် နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ သိပ်မလုပ်တဲ့နည်းလမ်းကို ကျင့်သုံးမယ်လို့လည်း သူကဆိုပါတယ်။

မစ္စတာ Rouhani ရဲ့ အစိုးရအနေနဲ့ ထိတွေ့ဆက်ဆံမှုလုပ်ဖို့ တကယ်စိတ်ဝင်စား တယ်ဆိုရင် အမေရိကန်ပြည်ထောင်စု ဘက်ကလည်း အသင့် အနေထားမှာ ရှိနေတယ်လို့ သမ္မတအိမ်ဖြူပြောခွင့်ရ Jay Carney က နာရီပိုင်းအတွင်းမှာပဲ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG