သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြသူများ အစိုးရ အဆောက်အဦးများကို မီးတင်ရှို့


အစိုးရအဆောက်အဦးကို ဆန္ဒပြသူများ မီးရှို့နေစဉ်။ (သြဂုတ်လ ၁၅၊ ၂၀၁၃)
အစိုးရအဆောက်အဦးကို ဆန္ဒပြသူများ မီးရှို့နေစဉ်။ (သြဂုတ်လ ၁၅၊ ၂၀၁၃)
ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ မိုဟာမက်ဒ် မော်စီကို ထောက်ခံသူတွေဟာ ဆန္ဒပြပွဲအသစ်တွေ လုပ်ခဲ့ကြပြီး တချို့ကဆိုရင် ကိုင်ရိုမြို့တော်က အစိုးရ အဆောက်အဦးတစ်ခုကို မီးတင်ရှို့ခဲ့ကြပါတယ်။ မူစလင်ညီအကိုတော်များ အဖွဲ့ကို ထောက်ခံသူ ရာပေါင်းများစွာဟာ Giza အရပ်က အစိုးရအဆောက်အဦးတွေကို ကြာသပတေးနေ့က ဝင်ရောက်တိုက်ခိုက်ပြီး ဝင်ပေါက်ကို မီးရှို့ ခဲ့ကြတယ်လို့ အီဂျစ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနနဲ့ မျက်မြင်တွေက ပြောပါတယ်။

သီးခြားဖြစ်ရပ်တစ်ခုမှာတော့ အလက်ဇန်းဒရီးယားမြို့မှာ လူရာပေါင်းများစွာ ချီတက်ပြီး မစ္စတာမော်စီကို အာဏာပြန်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ကိုင်ရိုမြို့တော်က သပိတ်စခန်းတွေမှာ စုဝေးနေကြတဲ့ မစ္စတာမော်စီ ကို ထောက်ခံသူတွေကို ဗုဒ္ဓဟူးနေ့မှာ အီဂျစ်စစ်တပ် က နှိမ်နင်းဖြိုခွဲပြီး အလက်ဇန်းဒရီးယားနဲ့ ဆူးအက်ဇ်မြို့တွေမှာ တိုက်ခိုက် တာတွေဖြစ်ခဲ့ပြီး တဲ့နောက် ဆန္ဒပြပွဲနဲ့ ရုန်းရင်းဆန်ခတ်မှု အသစ်တွေ ထပ်ဖြစ်တာပါ။

မူစလင်ညီအကိုတော်များအဖွဲ့က ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုမှာ ကိုင်ရိုမြို့တော်က El Iman ဗလီကျောင်းမှာ အဝတ်နဲ့ လိပ်ပတ် ထားတဲ့ ရာပေါင်းများစွာသော အလောင်းတွေကိုတွေ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် လူ ၅၂၅ ယောက်ထက် မနည်း သေဆုံးပြီး ၃,၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်ကျန်းမာရေး ဝန်ကြီးဌာန က ပြောပါတယ်။ မူစလင် ညီအကိုတော်များအဖွဲ့ကတော့ သေဆုံးသူ ၄,၅၀၀ ကျော်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG