ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံသွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) နဲ့ သူ့ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား ခင်များ ... ဒီတကြိမ် မြန်မာပြည်ကိုသွားတုန်းက ပါမောက္ခ ကင်တားနားဟာ ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ နှစ်နေရာမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ကို အကျဉ်းရုံးလေး ပြောပါအုံးခင်မျာ။
ကင်တားနား ။ ။ ရခိုင်ပြည်နယ်ကို ရောက်တုန်းက ကျနော် အောင်မင်္ဂလာရပ်ကွက်က လူတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ နောက် ဘူးသီးတောင်အကျဉ်းထောင်ကို သွားပြီးတော့ မတရားအဖမ်းဆီးခံထားရတဲ့ နိုင်ငံတကာစာနာမှုအဖွဲ့အစည်း ဝန်ထမ်း (၄) ဦးကို တွေ့ဆုံပါတယ်။ ကျနော်ဟာ ရခိုင်ဒေသ အာဏာပိုင်တွေနဲ့ တွေ့ဆုံပါတယ်။ ဘုန်းကြီးကျောင်းတွေကိုလည်း သွားပါတယ်။ စစ်တွေက ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေနဲ့ ကောင်းကောင်းမွန်မွန် စကားပြောဆိုခဲ့ပါတယ်။ ဒါတွေပါပဲ။ အဲဒီမှာ ကျနော် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတခုလည်း ကြုံခဲ့ရပါတယ်။ ဒီဆန္ဒပြတဲ့ တစ်နေရာမှာ ကျနော် ရပ်ပြီးတော့ ဆန္ဒပြသူတွေထဲက တစ်ဦးနဲ့ စကားပြောပြီး အမြင်ချင်းဖလှယ်ခဲ့ပါတယ်။ ကျနော့် တာဝန်ထမ်းဆောင်မှုတွေကို သူတို့ ဘာကြောင့် ဒီလိုမျိုးဆန့်ကျင်ရတယ်ဆိုတာကို ကျနော် ကြားခဲ့ရပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ကောင်းကောင်းနားလည်းခံစားသိရှိခွင့် ရခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ မိတ္ထီလာမှာ ကြုံတွေ့ခဲ့ရတာကိုလည်း ပြောပါအုံး။
ကင်တားနား ။ ။ မိတ္ထီလာမှာကြတော့ လုံးဝ တခြားစီပါ။ ကျနော်ဟာ မိတ္ထီလာက အဓိကရုဏ်းကြောင့် အိမ်ယာစွန့်ခွါခဲ့ရသူတွေ ခိုလှုံနေတဲ့ စခန်းတစ်ခုကိုသွားဖို့ စီစဉ်ပါတယ်။ အဲဒီ အစီအစဉ်အတွက် အစောပိုင်းကတည်းက အစိုးရနဲ့ ညှိနှိုင်းထားပြီးသာပါ။ ဒါနဲ့ ကျနော် မိတ္ထီလာကို ည (၁၀) နာရီလောက် ရောက်သွားတော့ လူ (၂၀၀) လောက်ရှိတဲ့ ဆန္ဒပြလူအုပ်ဟာ ကျနော့်ကားကို ဝိုင်းအုံပြီးတော့ ကားမှန်တွေ၊ တံခါးတွေကို ထုထောင်းကြပါတယ်။ အော်ဟစ်ဆဲဆိုကြပါတယ်။ ကားတန်းလည်း ရပ်သွားပါတယ်။ ဘာကြောင့် ဒီလိုရပ်သွားတယ်ဆိုတာ ကျနော် မသိပါဘူး။ နောက်ဆုံးမှာ ကံအားလျော်စွာ ကားတန်းဆက်ပြီးရွေ့ပါတယ်။ အဲဒီအခါမှာ ရဲတွေ တစ်ယောက်စ၊ နှစ်ယောက်စ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဝင်ရောက် ဟန့်တားခြင်း မရှိကြပါဘူး။ ဒါကြောင့် ကျနော်လည်း အိမ်ယာစွန့်ပြီး ခိုလှုံနေကြသူတွေ စခန်းကို ကျနော်မသွားတော့ဘဲနဲ့ နေပြည်တော်ကို တန်းပြီးသွားခဲ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီ လူအုပ်ဟာ တကယ်တော့ စာတစ်စောင်ကို မစ္စတာကင်တားနားဆီကို လက်ရောက်ပေးချင်လို့ ကားတံခါးကို ဖွင့်ခိုင်းတာ၊ ပြတင်းကို ချခိုင်းတာလို့ ပြောတာကြားရပါတယ်။
ကင်တားနား ။ ။ ကျနော်ကတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောနိုင်ပါဘူး။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ အချက်အလက်ကိုပဲ ဖော်ပြနိုင်ပါတယ်။ ဒီလိုမျိုး အကြမ်းဖက်မှုမျိုး ကြုံရတာက တခြားကုလသမဂ္ဂ ဝန်ထမ်းတချို့နဲ့ နိုင်ငံတကာဝန်ထမ်းတချို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရေးမှူးတို့လည်း ကြုံရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်လည်း အလားတူ ကြုံရပါတယ်။ နေပြည်တော်မှာရှိတဲ့ ရဲတပ်ဖွဲ့အကြီးအကဲကိုတွေ့တော့ သူက ဒီဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောပါတယ်။ ကျနော်ကတော့ ရန်ကုန်လေဆိပ်မှာ ကျနော့်လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ ပြောပါတယ်။ ကျနော် အဲဒီရောက်သွားတော့ ရဲတွေပြည့်နှက်နေပြီးတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အကြီးအကဲတောင်မှ ရောက်နေပါတယ်။ ဒီလိုမျိုး ရန်ကုန်လေဆိပ်မှာ ဆောင်ရွက်တာကို ကျေနပ်ပါတယ်။ ဒါပေမဲ့ မိတ္ထီလာဖြစ်ရပ်ကတော့ ဒီလို မဟုတ်ခဲ့ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီဖြစ်ပျက်ခဲ့တဲ့ကိစ္စအတွက် မစ္စတာကင်တားနား ကိုယ်စားပြုတဲ့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအစိုးရအပေါ် တစုံတရာ အရေးယူဆောင်ရွက်ဖို့ ရှိပါသလား။
ကင်တားနား ။ ။ မရှိပါဘူး။ ဒါဟာ ကျနော့်အနေနဲ့ နိုင်ငံခြားရေးဌာန၊ ရဲချုပ်တို့နဲ့ ဆွေးနွေးတင်ပြခဲ့ခြင်းသာ ဖြစ်ပါတယ်။ အခြေအနေကို ရှင်းပြတင်ပြခဲ့ပြီးပါပြီ။ ကျနော် မျှော်လင့်တာက ဒါဟာ အစိုးရအနေနဲ့ နားလည်းသဘောပေါက်ရမယ်။ ကုလသမဂ္ဂ သံတမန်တွေကို သူတို့ အကာအကွယ်ပေးဖို့ လိုတယ်ဆိုတာတွေကို သိထားရပါလိမ့်မယ်ဆိုတာပါ။ နောင်ကို ဒီပြဿနာမျိုး မဖြစ်လောက်တော့ဘူးလို့လည်း ထင်ပါတယ်။ မီဒီယာတွေအနေနဲ့လည်း ဒီဖြစ်ရပ်တစ်ခုကို ကွက်ပြီးတော့ မကြည့်ကြစေချင်ပါဘူး။ ဒီတကြိမ် ကျနော်ဟာ ဆယ်ရက်ကျော် ရောက်ခဲ့တာပါ။ နေရာအများအပြားကို သွားပြီးတော့ လူ့အခွင့်အရေးပြဿနာ အများအပြားကို ဖြေရှင်းပေးခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ထပ်မေးချင်ပါသေးတယ်။ ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စကို အရေးယူဆောင်ရွက်စရာ ရှိလို့ပေါ့ဗျာ။
ကင်တားနား ။ ။ နောက်တကြိမ် ထပ်ပြီးတော့ ပြောပါအုံးမယ်။ စောစောက ပြောခဲ့သလိုပါပဲ ဒီကိစ္စကို ကျနော်ကိုယ်တိုင် မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီမှာတင် ရပ်ထားလိုက်မှာပါ။ အစိုးရဟာ ကျနော်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော် မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာတဲ့အခါ ဒါမျိုးထပ်မဖြစ်တော့ဘူးလို့ မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုနက ပါမောက္ခကင်တားနား ပြောတဲ့အထဲမှာ ဘူးသီးတောင်ထောင်ကို ရောက်ခဲ့တယ်။ အဲဒီမှာ မတရားဖမ်းဆီးခံထားရတဲ့ လူ (၄) ယောက်ကို တွေ့တယ်လို့ ဆိုပါတယ်။ ဆိုတော့ မတရားဖမ်းဆီးခံရတယ်လို့ ပါမောက္ခကင်တားနား ဘာကြောင့် ပြောနိုင်ပါသလဲ။ တကယ်တော့ တရားသလား၊ မတရားသလားဆိုတာက တရားရုံးက ဥပဒေအတိုင်း ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူးလား။
ကင်တားနား ။ ။ (၄) ဦးပါ။ နိုင်ငံတကာ NGO မှာ နှစ်နဲ့ချီပြီးတော့ လုပ်နေတဲ့ ဝန်ထမ်း (၄) ယောက်ပါ။ အခုလပိုင်းကြမှ ဝင်လုပ်နေတဲ့ လူတွေ မဟုတ်ပါဘူး။ သူတို့ကို ဘူးသီးတောင်ထောင်မှာ ဖမ်းဆီးထားတာဟာ နိုင်ထက်စီးနှင်း ဖမ်းဆီးထားခြင်း ဖြစ်တယ်လို့ ပြောရတာ အကြောင်း (၂) ရပ် ရှိပါတယ်။ ပထမတရပ်ကတော့ တရားဥပဒေနဲ့ မကိုက်ညီတာတွေ အများအပြား တွေ့ရပါတယ်။ ဥပမာ ဥပဒေအကြောင်းအရ ရှေ့နေများနဲ့ ခုခံချေပခွင့် မရှိတာ။ သက်သေတွေကို ပြန်လည်စစ်မေးခွင့် မရတာ။ ဒါတွေအပြင် ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုတွေအပြီး နှစ်လမှာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရတာတွေ ဖြစ်ပါတယ်။ ဒုတိယအကြောင်းရပ်ကတော့ တကယ်မဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် သူတို့ စွဲဆိုခံရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့တတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အစိုးရကို ကျနော် ထောက်ခံတင်ပြခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ သူတို့ကို အခု ပြစ်ဒဏ်ချမှတ်ပြီးပြီလား။
ကင်တားနား ။ ။ မချမှတ်သေးပါဘူး။
ဦးကျော်ဇံသာ ။ ။ သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဟုတ်ပါသလား။
ကင်တားနား ။ ။ဒါကိုတော့ ကျနော် မသိပါဘူး။ ဒါပေမဲ့ ဒါကအရေးမကြီးပါဘူး။ နိုင်ငံသားဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့ဟာ တရားမျှတမှုကို ခံစားထိုက်ပါတယ်။ အခြေအမြစ်ရှိတဲ့ ကိစ္စတွေအတွက်သာ စွဲဆိုခံထိုက်ပါတယ်။ အခြေအမြစ် မရှိတဲ့ကိစ္စတွေအတွက် တရားစွဲဆိုခြင်း မရှိသင့်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါတွေကတော့ အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့အပိုင်းလို့ ဆိုပါတော့။ အခုဆက်မေးချင်တာကတော့ အရပ်သားတွေနဲ့ ပတ်သက်တယ်လို့ ဆိုရပါလိမ့်မယ်။ မိတ္ထီလာမှာ ဆန္ဒပြကြတာဟာ အရပ်သားတွေကိုယ်၌က သိပ်ပြီးသဘောထား တင်းမာနေကြလို့လား။ ဒါမှမဟုတ် တချို့ပြောနေကြသလို အစိတ်အပိုင်းတခုခုက ဒီလူတွေကို အားပေးအားမြောက်လုပ်နေလို့လားဆိုတာ ပါမောက္ခကင်တားနား ဘယ်လို သဘောပေါက်ခဲ့ရပါသလဲ။ ဘယ်လို နားလည်းခဲ့ရပါသလဲ။
ကင်တားနား ။ ။ ဒါကိုတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါကို ပြောလို့ရှိရင် သိပ်ပြီးတာဝန်မဲ့ ပြောရာကြပါလိမ့်မယ်။ ကျနော်မှာ အထောက်အထား အခိုင်အလုံလည်း မရှိပါဘူး။ ဒါဟာ အဓိက ပြဿနာလည်း မဟုတ်ပါဘူး။ အဲဒီမြို့က လူ့အဖွဲ့အစည်း ကျနော့်ကို လက်သင့်ခံနိုင်မခံနိုင်ဆိုတာလည်း အရေးမကြီးပါဘူး။ ဒီဒေသမှာ ဘာကြောင့် ဘာသာရေးအုပ်စုအချင်းချင်း အကြမ်းဖက်မှုဖြစ်သလဲ။ ဘယ်လိုကြောင့် ဒီပြဿနာဟာ အသက်အိုအိမ်တွေ ပျက်စီးပြီးတော့ ဆုံးရှုံးစေခဲ့တယ်ဆိုတာတွေသာ အရေးကြီးပါတယ်။ ဒီလို ဖြစ်စေခဲ့တဲ့ လှုံဆော်မှုတွေ၊ မုန်းတီးမှုတွေကို ကျော်လွှားနိုင်ရေးဟာ မြန်မာလူ့အဖွဲ့အစည်းအတွက် စိမ်ခေါ်မှု ဖြစ်နေပါတယ်။ ဒါဟာ အရေးကြီးဆုံး ပြဿနာပါ။
ဦးကျော်ဇံသာ ။ ။ မကြာသေးခင်က ဆိုပါတော့။ ကန့်ဘလူမှာ ထပ်ပြီးတော့ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်တယ်ဆိုတာ ပါမောက္ခကင်တားနား သိပါသလားခင်များ။
ကင်တားနား ။ ။ ကျနော် မြန်မာနိုင်ငံက ပြန်ထွက်လာပြီးတော့ မကြာခင်မှာပဲ ကျန်တချို့ဒေသတွေမှာ အလားတူ အကြမ်းဖက်မှုဖြစ်ရပ်တွေ ပေါ်ပေါက်တာကို ကြားရပါတယ်။ ကျနော် လုံးဝမထိမတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေပါ။ ဒါဟာ အောက်ခြေအဆင့်မှာရှိနေတဲ့ ပြင်းထန်တဲ့ ပြဿနာပါ။ ဒီအတွက် တာဝန်ရှိမှုအဆင့်ဆင့်ကိုလည်း တွေ့ရပါတယ်။ ပထမဦးဆုံးကတော့ အစိုးရအနေနဲ့ တာဝန်မကင်းပါဘူး။ အစိုးရက ဒီပြဿနာတွေကို ဘယ်လိုကိုင်တွယ်သလဲ။ တရားဥပဒေ စိုးမိုးရေးကို ဘယ်လိုအထိ အကောင်အထည် ဖော်နိုင်မလဲဆိုတာတွေပါ။ နောက်တဆင့် တာဝန်မကင်းသူတွေကတော့ ဘာသာရေးခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတရား ဟောသင့်ပါတယ်။ နောက်တဆင့် တာဝန်ရှိသူတွေကတော့ မီဒီယာတွေ ဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်မှန်တွေ ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်ဆို တင်ပြကြသလဲ။ အမှန်တရားကို ဘယ်လောက်ထင်ဟပ်နိုင်သလဲ ဆိုတာတွေပါ။ ဒါတွေဟာ သိပ်ကိုအရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဝေဖန်သူတချို့က ပြောကြပါတယ်။ ပါမောက္ခကင်တားနားဟာ မူစလင်တွေဖက်က ဘက်လိုက်တယ်လို့ ဆိုကြပါတယ်။ တချို့ကလည်း ပါမောက္ခကင်တားနားဟာ ဗမာ့ယဉ်ကျေးမှုကို နားမလည်း၊ မြန်မာ့ရိုးရာအစဉ်အလားကို သဘောမပေါက်၊ မြန်မာနိုင်ငံသမိုင်းကို မသိဘူး။ အခုအဖြစ်အပျက်တွေအပေါ်မှာ အပေါ်ယံလောက်ပဲကြည့်ပြီးတော့ မူစလင်တွေဘက်က ရပ်တည်နေတယ်လို့ ပြောဆိုနေကြပါတယ်။ ပါမောက္ခကင်တားနား ဘာများပြန်ပြောချင်ပါသလဲ။
ကင်တားနား ။ ။ ကျနော် ဒီတာဝန်ကို စတင်ထမ်းဆောင်တာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးတော့ နောက်တနှစ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ သံဃာတော်၊ သာမန်အရပ်သား ဗုဒ္ဓဘာသာမြန်မာတွေ အသတ်ခံရပြီးကာလပါ။ အဲဒီ ၂၀၀၈ မှာ ရောက်လာတော့ ကျနော်ဟာ အဖိနှိပ်ခံနေရသူ အားလုံးအတွက် ခုခံကာကွယ်မှုတွေ စလုပ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ ကျနော်ဟာ အဖိနှိပ်ခံ လူ့အသိုင်းအဝိုင်း အားလုံးအကျိုးအတွက် ဆောင်ရွက်ခဲ့တာပါ။
ဒါကြောင့်မို့ မြန်မာပြည်သူတွေအနေနဲ့ ကျနော် ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ဒါဟာ မနှစ်ကမှစပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ ရပ်တည်ချက်ပါ။ နောက်တချက်က ကျနော်ဟာ တောင်အမေရိကတိုက်သားပါ။ အာဂျင်းတီးနားနိုင်ငံသားပါ။ ကျနော် အာဂျင်းတီးနားမှာ မူစလင်အသိုင်းအဝိုင်းလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းလည်း မရှိပါဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီပြဿနာတွေမှာ တဖက်ဖက်ကို ဘက်လိုက်စရာအကြောင်း လုံးဝမရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းသိအောင် တင်ပြပေးဖို့သာ ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းတွေအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အာရုံစိုက်ရပါတယ်။
ကျနော် ရန်ကုန်လေဆိပ်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကိုကြည့်ရင် ခင်များ တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်လူ့အဖွဲ့အစည်း ဘယ်လိုဒုက္ခတွေ ရောက်ရတယ်။ ဘယ်လိုနစ်နာမှုတွေ ရှိခဲ့တယ်။ သူတို့အတွက် ဘယ်လိုမျိုး ဖွံ့ဖြိုးရေးတွေ လိုအပ်သလဲ။ နောက် သယံဇာတ မျှဝေခံစားခွင့် ရသင့်တယ်ဆိုတာကို အလေးထားတင်ပြထားတာကို တွေ့ရပါလိမ့်မယ်။ အလားတူစွာပဲ ပြီးခဲ့တဲ့ (၅) နှစ်လုံးလုံး ကျနော်ဟာ မြန်မာနိုင်ငံက လူ့အသိုင်းအဝိုင်းတွေအားလုံးအတွက် ဒါမျိုးတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ထပ်ပြီးတော့ ပြောလိုပါတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်အားလုံးမှာ။ ဒီတကြိမ်မှာဆို အရင် ကုလသမဂ္ဂရဲ့ ဘယ်အရာရှိကြီးကမှ မသွားခဲ့ဘူးတဲ့ ချင်းပြည်နယ်ကိုပါ ရောက်အောင်သွားခဲပါတယ်။