သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nuclear လက်နက်ထုတ်ဖို့ ကြိုးပမ်းမှာ မဟုတ် ဟု အီရန်သမ္မတ ကတိပြု


 Iranian President Hasan Rouhani
Iranian President Hasan Rouhani
Iran နိုင်ငံရဲ့ အသစ်တက်လာတဲ့ ခေါင်းဆောင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးတက်အောင်လုပ်ဆောင်တဲ့ လက္ခဏာအဖြစ် အခုနောက်ဆုံးမှာတော့ Iran နိုင်ငံဟာ nuclear လက်နက်ပိုင်ဆိုင်ဖို့ ဘယ်တော့မှ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ Iran သမ္မတ Hassan Rouhani က ကတိပြုသွားပါတယ်။

Iran က အရင်ကလည်း ဘယ်တုံးကမှ nuclear လက်နက်ပိုင်ဆိုင်ဖို့ မလုပ်ဆောင်ခဲ့ပါဘူး။ လူအမြောက်အများသေဆုံးစေနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ဖို့လည်း ဘယ်လို ပုံစံမျိုးနဲ့မှ မကြိုးစားခဲ့ဖူးပါဘူးလို့ NBC ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

သူ့နိုင်ငံသားတွေဟာ နိုင်ငံရဲ့ အမှတ်အသားကို ကာကွယ်ဖို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ၊ ပြောဆိုခွင့်၊ Internet ပေါ်က အချက်အလက်တွေ ကို လွတ်လွတ်လပ်လပ် ရှာဖွေ ခွင့်တွေရသင့်ပါတယ် လို့ Mr. Rouhani ပြောသွားပါတယ်။

မကြာခင်ကာလအတွင်းမှာလည်း နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးမယ့် ကော်မရှင်တရပ်လည်း ထူထောင်သွားမယ်လို့ သူကပြောပါတယ်။ New York မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကို တက်ရောက်ပြီး သမ္မတအဖြစ် ကမ္ဘာ့စင်မြှင့်ပေါ် ပထမဦးဆုံးအကြိမ် မတက်ရောက်ခင် ရက်ပိုင်းအလိုမှာပဲ အခုလို Iran ခေါင်းဆောင်က ပြောသွားခဲ့တာပါ။

Iran နိုင်ငံက သူ့ရဲ့ Nuclear အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ပါလို့ နှစ်ပေါင်းများစွာ တွင်တွင်ပြောနေခဲ့တာပါ။ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ ဒါကို လက်မခံပဲ Iran နိုင်ငံကို ထိခိုက်စေတဲ့ အရေးယူပိတ်ဆို့မှုတွေ အကြိမ်ကြိမ်ပြုလုပ်ရေး ဝိုင်းဝန်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG