အမေရိက န်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရကနေ နိုင်ငံရေး အကျဉ်းသား ၅၆ ဦး မနေ့က ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုလိုက်ပေမဲ့လို့၊ လွှတ်ဖို့ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဆက်လက် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်တာမို့ ဒီအပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ အခုလို နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ် လာတာကို ကြိုဆိုသလို၊ တဘက်မှာ ဒီလို လွှတ်ပေးတာတွေဟာ အစိုးရအနေနဲ့ သူ့လိုအပ်ချက်တွေနဲ့ အချိန်ကိုက် ဆောင်ရွက်နေတာဖြစ်တယ်လို့ မြင်ကြ ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
မနေ့က မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၅၆ ဦးထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရသူတွေ အများစု ဖြစ်ကြပါတယ်။ ဒီစာရင်းပါ အကျဉ်းသားတွေဟာ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပါ ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အခုလို လွှတ်ပေးတာကို ကြိုဆိုပါတယ်။
တဆက်တည်း ကျန်အကျဉ်းသားတွေ လွတ်မြောက်လာရေးကိုလည်း တိုက်တွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြန်ကြားရေးအရာရှိ Jason Rebholz က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“မြန်မာအစိုးရကနေ နိုင်ငံရေးအကျဉ်းသား ၅၆ ဦး ပြန်လွှတ်ပေးလိုက်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးကတည်းကဆိုရင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါပြီ။ ကျန်နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးအတွက် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”
တချိန်တည်းမှာပဲ လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဆန္ဒပြလို့ ဖမ်းဆီးအရေးယူခံရသူတွေ ရှိနေတာကြောင့်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားနဲ့ မညီတဲ့ ဥပဒေတွေကိုတော့ မြန်မာအစိုးရအနေနဲ့ ပြန်လည် စိစစ်ဖို့ လိုမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
“ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မကြာသေးခင်တုန်းက ဆန္ဒပြမှုတွေကြောင့် ထောင်တွင်းချ ဖမ်းဆီးခံထားရသူတွေအတွက် စိုးရိမ်နေတုန်းပါ။ ဒါကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ မညီတဲ့ ဥပဒေတွေကို ပြန်ပြီး စိစစ်သုံးသပ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်။”
လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အခုလွတ်လာသူတွေဟာ ခြွင်းချက်သဘောမျိုးတွေနဲ့ လွတ်မြောက်လာသူ အများစုဖြစ်ပြီး၊ အကယ်လို့ ထပ်မံ အပြစ်ပေး ဖမ်းဆီးခံရမယ်ဆိုရင် ယခင် ပြစ်ဒဏ်ကိုပါ ပူးတွဲကျခံရမယ့် သဘောဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။ တချိန်တည်းမှာပဲ လွတ်လပ်စွာ နိုင်ငံရေး လှုပ်ရှားခွင့်မှာလည်း ဥပဒေ အကန့်အသတ်တွေ ရှိနေပြီး၊ လတ်တလောမှာကို နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတွေ ရှိနေတုန်းပဲလို့ဆိုပါတယ်။
ဒါကြောင့် သမ္မတ ဦးသိန်းစိန် ကတိပေးထားသလို ဒီနှစ်အကုန်ပိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာမယ်ဆိုတာကို ယုံကြည်ဖို့ ခက်ခဲတယ်လို့ Burma Campaign UK က Mark Farmaner က ပြောပါတယ်။ အခု လွှတ်ပေးလိုက်တာဟာလည်း အစိုးရအနေနဲ့ အရင် လုပ်ပုံလုပ်နည်းအတိုင်း နိုင်ငံရေးမှာ မျက်နှာကောင်းရအောင် ချိန်ကိုက်လုပ်တဲ့ လုပ်ရပ်လို့ ယူဆပါတယ်။
“အခု လွှတ်တာဟာ အခြေအနေ နှစ်ခုနဲ့ အချိန်ကိုက်ပြီး လုပ်လိုက်တာပါ။ ပထမတခုကတော့ သမ္မတ ဦးသိန်းစိန် တတ်ရောက်ဖို့ရှိတဲ့ အာရှဒေသ ထိပ်သီးဆွေးနွေးပွဲနဲ့ တိုက်ဆိုင်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာပါ။ အရင်နှစ်တွေတုန်းကလို အခုလို နိုင်ငံတကာ အစည်းအဝေးနဲ့ အချိန်ကိုက်ပြီး လွှတ်ပေးခဲ့တာမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ နောက်အခြေအနေတခုကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ အစိုးရက ကြိုးပမ်းနေရတဲ့ကာလပါ။ နိုင်ငံတကာ အရေးယူမှုတွေ ပြန်ရုပ်သိမ်းဖို့မှာ ဒီလို တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ကိုလည်း နိုင်ငံတကာက ဖိအားပေးနေတာပါ။ ဒါဟာ နှစ် ၆၀အတွင်း မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းချက်ပါ။ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တတ်ရောက်ကြဖို့ အစိုးရက ကြိုးပမ်းညှိနှိုင်းနေတဲ့ကာလပါ။ အခု လွှတ်ပေးလိုက်တဲ့အထဲ အဲဒီ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်တာမို့၊ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမှာ ဒီတိုင်းရင်းသားအဖွဲ့တွေ ပါဝင်လာဖို့ စည်းရုံးဆောင်ရွက်ချက်တခုလည်း ဖြစ်နိုင်ပါတယ်။”
လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်း လွှတ်မပေးသေးဘဲ နဲနဲချင်း လွှတ်ပေးနေတဲ့အပေါ် အစိုးရကို သံသယ ရှိကြပါတယ်။ ဒါ့အပြင် သမ္မတက ဖွဲ့ပေးထားတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအတွင်းမှာကို နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်သတ်မှတ်မှုကိစ္စ၊ နိုင်ငံရေးအကျဉ်းသား စာရင်းပြုစုမှု ကိစ္စရပ်တွေမှာ သဘောကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကတော့ သူတို့စာရင်းအရ အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ကျန်ရှိနေသေးပြီး၊ နောက်ထပ် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ၂၀၀ ကျော်ဟာလည်း တရားရင်ဆိုင်ဖို့ ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။