သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR အမြင့်ဆုံးဆုဖြစ်တဲ့ Nansen ဆုကို Angelique Namaika ရရှိ


ဒီနှစ်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အမြင့်ဆုံးဆုဖြစ်တဲ့ Nansen ဆုကို ကွန်ဂိုသမ္မတနိုင်ငံက ခရစ်ယာန်သီလရှင် Sister Angelique Namaika ကို ချီးမြှင့်လိုက်ပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ စစ်သုံ့ပန်းပေါင်း ၄ သိန်းခွဲ နေရပ်အိမ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူ ကွယ်လွန်သူ နော်ဝေနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Fridtjof Nansen ကို ရည်စူးပြီးတော့ ဒီနှစ်အတွက် နှစ်စဉ် ဆုတွေကို ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အတွက်ကတော့ Sister Angelique Namaika ကို ကွန်ဂိုနိုင်ငံမှာ စစ်ဘေးဒဏ်သင့်ခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ဘ၀ ပြန်လည် ထူထောင်ရေးအတွက် စွမ်းဆောင်ပေးခဲ့သူတယောက်အနေနဲ့ ချီးမြှင့်ခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Heuler ပေးပို့ထားတဲ့ သတင်းနောက်ခံဆောင်းပါးကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။
XS
SM
MD
LG