သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ


အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီ NASA အဆောက်အဦး။
အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီ NASA အဆောက်အဦး။
အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆိုမှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိကန်ကို ပြစ်တင်ရှုတ်ချ နေတဲ့ ဂျာမဏီရဲ့ နောက်မှာ ဥရောပ ခေါင်းဆောင်တွေ စည်းစည်းလုံးလုံး ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အခုလို သတင်း ဖော်ပြချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel ရဲ့ ဆက်သွယ် ပြောဆိုမှုတွေ အပေါ်မှာ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အပေါ် မှတ်ချက်ပေးဖို့ငြင်းဆို ပါတယ်။

ဂျာမဏီ ဝန်ကြီးချုပ် မစ္စ မာကယ်လ် ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို တယ်လီဖုန်း ခေါ်ဆိုပြီး မိတ်တွေတွေ အပေါ်မှာ လျို့ဝှက်ထောက်လှမ်းမှုဟာ လုံး၀ လက်ခံနိုင်စရာ မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်တွေနဲ့ မိတ်ဆွေ နိုင်ငံတွေကြားမှာ ယုံကြည်မှု လိုပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို အခုတော့ အသစ်ပြန်လည် တည်ဆောက်ရပါတော့မယ်လို့လည်း မစ္စ မာကယ်လ်က ဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပ သမဂ္ဂ ညီလာခံ မတိုင်ခင်မှာ ပြောဆိုပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ ဥရောပ ခေါင်းဆောင်တွေဟာလည်း ဂျာမဏီ ဝန်ကြီးချုပ်ရဲ့ မကျေမနပ်မှုနဲ့ ထပ်တူ ပြောဆိုကြပါတယ်။ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဌ Jose Manuel Barroso ကတော့ အကြွင်းမဲ့ အာဏာရှင် ဆန်ဆန် လျှို့ဝှက် ထောက်လှမ်းမှုတွေကို ကန့်ကွက်တဲ့ အကြောင်း ပြောဆိုပါတယ်။
XS
SM
MD
LG