သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် မွတ်ဆလင်ညီအကို အဖွဲ့ဝင် ၅၂၉ ဦး သေဒဏ်ပေးခံရ

မွတ်ဆလင်ညီအကိုအဖွဲ့ဝင် ၅၀၀ ကျော်ကို သေဒဏ်စီရင်ချက် ချခဲ့ပြီးနောက် ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတဟောင်း Mohammed Morsi ကိုထောက်ခံသူတွေက Ain Shams တက္ကသိုလ်ဝင်းအတွင်း ကန့်ကွက်ကြွေးကြော်ဆန္ဒဖော်ထုတ်နေကြစဉ်။ (မတ်လ ၂၄၊ ၂၀၁၄)

အီဂျစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးကို သတ်ဖြတ်မှု၊ ရဲစခန်းကို တိုက်ခိုက်မှု၊ အခြား အကြမ်းဖက်မှုတွေ အပါအဝင် စွဲချက်တွေနဲ့ မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့ဝင် ၅၂၉ ဦးကို အီဂျစ်တရားရုံးက သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ကိုင်ရိုမြို့တော်တောင်ဘက် မိုင် ၁၂၀ လောက်က Minya မြို့မှာ ဒီကနေ့ စတင်တဲ့ တရားခွင်မှာ တရားသူကြီးက အခုလို အမိန့်ချသွားတာပါ။ ဒီဆုံးဖြတ်ချက်ကို အယူခံ ဝင်ခွင့်ရှိပါတယ်။ တရားခံ စုစုပေါင်း ၁၀၀ ကျော်ဟာ ထိန်းသိမ်းခံထားရပြီးတော့ အများစုကိုတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ၁၆ ဦးကိုတော့ တရားသေ လွှတ်ပေးလိုက်ပါတယ်။

Minya မြို့မှာ မနှစ်က သြဂုတ်လက ဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သူတို့အပေါ် စွဲချက် တင်ထားတာဖြစ်ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ကိုင်ရိုမြို့တော်က မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့ရဲ့ သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီးတဲ့နောက် ဖြစ်ပွားတာပါ။ အဲ့ဒီ့စီးနင်းမှုတွေအတွင်းမှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG