သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီခေါင်းဆောင်တွေ မျိုးတုံးသတ်ဖြတ်မှုနဲ့ရင်ဆိုင်


ကမ္ဘောဒီးယားနိုင်ငံ ခမာနီအဖွဲ့ထဲက အသက်မသေ ကျန်နေသေးတဲ့ ဝါအရင့်ဆုံးအဖွဲ့ဝင် နှစ်ဦးအပေါ် ဒုတိယအကြိမ် တရားစစ်ဆေးတဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု တရားခွင် စတင်ပြီ ဖြစ်ပါတယ်။

သမ္မတဟောင်း Khieu Samphan နဲ့ အယူအဆရေးရာ အကြီးအကဲ Nuon Chea တို့အပေါ် အစုလိုက်အပြုံလိုက် လူသတ်မှုစွဲချက်တွေနဲ့ ဖနွမ်းပင်မြို့တော်တရားရုံးမှာ ဒီကနေ့ စပြီးစစ်ဆေးတာပါ။

လူသားကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ သူတို့နှစ်ဦးအပေါ် ကနဦး တရားစွဲခဲ့တာဟာ ပြီးခဲ့တဲ့နှစ်မှာ အဆုံးသတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီကနေ့ တရားခွင်ကို Nuon Chea မလာခဲ့ဘဲ Khieu Samphan ကတော့ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့အတူ တရားခွင်မှာ လိုက်လံ မှတ်သားနေပြီးတော့ ကျန်းမာရေးကောင်းတဲ့ပုံ ရပါတယ်။

အခု ဒုတိယအကြိမ် တရားခွင်မှာ ကမ္ဘောဒီးယားနွယ်ဖွား ဗီယက်နမ်လူမျိုးတွေနဲ့ တိုင်းရင်းသား Cham မူဆလင်လူနည်းစု ထောင်ပေါင်းများစွာတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် အထူး စစ်ဆေးမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတခုအဖြစ် ထူထောင်ဖို့ ကြိုးစားခဲ့တဲ့ ခမာနီအစိုးရ လက်ထက်အတွင်း ကမ္ဘောဒီးယားလူမျိုး ၂ သန်းလောက်အထိ သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG