သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ဂယက်နဲ့ အာဖရိကစီးပွားရေးအလားအလာ


အောက်တိုဘာ ၂၇၊ ၂၀၁၄။ Ebola ရောဂါ ကူးစက်ပြန့်ပွားမှုဟာ အနောက်အာဖရိကသုံးနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာပါ ထိခိုက်သက်ရောက်မှုရှိနေပါတယ်။ Ebola ပြန့်ပွားမှုကို နိုင်နင်းအောင် မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အဲဒီသုံးနိုင်ငံတင်မကပဲ၊ အာဖရိကတိုက်ရဲ့အာလားအလာကောင်းတဲ့ စီးပွားဖွံဖြိုးမှုကိုပါ ထိခိုက်နိုင်တယ်လို့ ကမ္ဘာဘဏ်က သတိပေးပါတယ်။ လက်ရှိအားဖြင့်ဆိုရင် Ebola ရောဂါအဆိုးဆုံးဖြစ်နေတဲ့ အနောက်အာဖရိက သုံးနိုင်ငံကလွဲရင်၊ ကျန် အာဖရိကနိုင်ငံတွေရဲ့ စီးပွားဖွံဖြိုးမှုဟာ အတော်အသင့်ကောင်းမွန်နေပြီး တိုးတက်လာဖို့ အလားအလာရှိတယ်လို့ ကမ္ဘာဘဏ်က တွက်ချက်ထားတာပါ။ Ebola နဲ့ အာဖရိကတိုက်ရဲ့ စီးပွားရေးအခြေအနေ ဆက်နွယ်မှုကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG