သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ် အစွန်းရောက် အန္တရာယ် ကုလ သတိပေး


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

ကမ္ဘာ့တဝှမ်းက လူပေါင်း တသောင်းခွဲလောက်ဟာ အီရတ်နဲ့ ဆီးရီးယားက အစွန်းရောက် အဖွဲ့တွေနဲ့ သွားရောက် ပူးပေါင်းခဲ့တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါဟာ ခန့်မှန်းခြေသာဖြစ်ပြီး ဒီထက် အရေအတွက်များနိုင်ပါတယ်။ IS အစ္စလာမ်အစွန်းရောက်အဖွဲ့နဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတွေကို ဒီလို နိုင်ငံတကာက အကြမ်းဖက်သမား အရေအတွက် တော်တော်များများ လာရောက်ပူးပေါင်းကြတာ ဒါဟာ ပထမဆုံး ဖြစ်တယ် ဆိုပြီးတေ့ာလည်း လုံခြုံရေးကောင်စီ အစီရင်ခံစာက ဆိုပါတယ်။

ဒီအကြမ်းဖက်အဖွဲ့ကို လာရောက် ပူးပေါင်းသူတွေဟာ အနောက် အလယ်ပိုင်းဒေသ၊ ဥရောပ အနောက်ပိုင်းနဲ့ မြောက်အာဖရိကနိုင်ငံတွေက ဖြစ်ပြီး ဒီထဲမှာ အာရှနဲ့ အမေရိကန်တချို့လည်း ပါဝင်နေပါတယ်။

ဒီလိုနိုင်ငံတကာက လာရောက်ပူးပေါင်းသူတွေဟာ သူတို့ နေထိုင်ရာ တိုင်းပြည်တွေကို ပြန်တဲ့အခါမှာ ဒါမှာမဟုတ် တခြား တိုင်းပြည်တွေကိုသွားတဲ့အခါ အကြမ်းဖက်မှုတွေဖြစ်ပါွးလာနိုင်တဲ့ အခြေအနေ ထပ်ဖြစ်လာနိုင်ပြီး ဥရောပ၊ မြောက်အာဖရိက၊ အာဖရိကနဲ့ အာရှဘက်မှာပါ ဒီအခြေအနေတွေကို ရင်ဆိုင်ရနိုင်တာပါ။

အခုလို နိုင်ငံခြားသား အကြမ်းဖက်တိုက်ခိုက်ရေးသမားတွေ လာရောက် ပူးပေါင်းနေတာဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကနဲ့မတူဘဲ အရေအတွက် အလွန်များတဲ့အကြောင်းကိုလည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

XS
SM
MD
LG