သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆန်ဈေးနှုန်း ဘာကြောင့် ကျဆင်းလဲ


နိုဝင်ဘာ ၃၊ ၂၀၁၄။ မြန်မာနိုင်ငံတွင်း အခုအချိန် စပါးပေါ်တဲ့ရာသီမှာပဲ ဆန်ဈေးနှုန်းတွေ ကျဆင်းနေတာကြောင့်၊ လယ်သမားတွေ အတော်လေး ဒုက္ခရောက်ကြရပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံနေရာအချိုု့မှာ စပါးအထွက်နှုန်းကျဆင်းသလို၊ စပါးပေါ်ချိန် ဆန်ဈေးကျတာကြောင့် လယ်သမားတွေအဖို့ ဒီနှစ်မှာ တွက်ချက်မကိုက်ဖြစ်ကြရတာပါ။

နှစ်စဉ်လိုလို တရုတ်နယ်စပ်ကနေ တင်ပို့နေကြ ဆန်အိတ်တွေကို တရားမဝင်လို့ဆိုပြီး၊ တရုတ်ဖက်က အခုနှစ်မှာ ပိတ်ပင်မှုတွေ ပြုလုပ်လာတာကြောင့်ဖြစ်သလိုပဲ၊ အာဖရိကဈေးကွက်မှာဆိုလည်း အိမ်နီးချင်း ဗီယက်နာမ် ထိုင်းက ဆန်တွေက ယှဉ်ပြိုင်ဝင်ရောက်လာတာကြောင့်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါက်တာစိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာဈေးကွက်မှာလည်း ဆန်ဈေးတွေ ကျဆင်းနေတာလည်း အကြောင်းတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါက်တာစိုးထွန်းကို ဒီအကြောင်း မေးမြန်းထားတာ ဒီသီတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG