သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့တောင်ကျွန်း လူသတ်မှုနှင့် ဖမ်းခံထားရသူ ၂ ဦး မကြာခင် အာမခံနှင့် ပြန်လွတ်ဖွယ်ရှိ


လူသတ်မှုစွပ်စွဲချက်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး။
လူသတ်မှုစွပ်စွဲချက်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်း လူသတ်မူနဲ့ စွတ်စွဲခံ ထားရတဲ့ မြန်မာလူငယ်၂ဦးကို နိုဝင်ဘာလ ၂၀ရက်နေ့ က ကော့စမွေ တရားရုံးမှာ ရမန်ယူ ရုံးထုတ်ရာမှာ စွပ်စွဲခံထားရသူတွေရဲ့တွေ ဘက်ကနေ အာမခံရဖို့ ကြိုးစားခဲ့ရာမှာ အစိုးရရှေ့နေဘက်က ကန့်ကွက်စရာ မရှိကြောင်း ပြောဆိုခဲ့ တာကြောင့် မကြာခင်မှာ သူတို့ကို အာမခံနဲ့ ထုတ်နိုင်ဖို့ မြန်မာ သံရုံးက စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ မအေးမာသတင်းပေးပို့ထားပါတယ် ။

ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံရမူမှာ တရားခံတွေအဖြစ် စွပ်စွဲခံရတဲ့မြန်မာ လူငယ်၂ဦးကို ကော့စမွေ အကျဥ်းထောင်မှာ ထိန်းသိမ်းထားတာပါ။ ထိန်းသိမ်းခံရတဲ့ ၄၈ ရက်ပြည့်တဲ့နေ့မှာတော့ သူတို့ကို အာမခံနဲ့ အမူရင်ဆိုင်ဖို့ အတွက် မြန်မာသံရုံး ကိုယ်စားပြုရှေ့နေတွေက ကြိုးစားခဲ့ပါတယ်။ တရားခံတွေ အဖြစ် စွပ်စွဲခံရသူမြန်မာ လူငယ်၂ဦး ဟာ သူတို့ဟာ ခြိမ်းခြောက်မူ နှိပ်စက်မူတွေကြောင့် အစ ပထမပိုင်းမှာ သူတို့ သတ်တယ်လို့ ဝန်ခံရတာဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် လူအခွင့်အရေး အဖွဲ့တွေက အမူမှန်ပေါ်ပေါက်ဖို့အတွက် ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေကို ပြောဆိုခဲ့တာပါ။

သူတို့ကို တရားလို အဖြစ် စွပ်စွဲသူတွေဘက် ကတော့ အမူကို ခိုင်မာအောင် ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက်ကြိုးစားနေတာဖြစ်ပါတယ်။ အစိုးရရှေ့နေဖက်က အာမခံပေးဖို့ ကန့်ကွက်မှု မရှိတာကြောင့် မြန်မာလူငယ် ၂ ဦး အာမခံရဖို့ အတွက် ဆောင်ရွက်နေပြီ လို့ မြန်မာသံရုံး ကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အစိုးရရှေ့နေဘက်က ကန့်ကွက်ခြင်း မရှိဘူးဆိုတဲ့ အတွက်ကြောင့်မို့ အာမခံလျှောက်မယ်ဆိုရင် ရနိုင်တဲ့ အနေအထားရှိပါတယ်။ သံအမတ်ကြီး ဦးဝင်းမောင်နဲ့ တိုင်ပင်ပြီး အဲ့တာကို စီစဉ်ဖို့အတွက် ဘန်ကောက်မှာ ရောက်နေတာပါ။ အခုလောလောဆယ်မှာ ထိုင်းဥပဒေအရ ရမန် ၇ပတ် ရပါတယ်။ အားလုံးပေါင်း ၈၄ရက်ပါ။ ရမန်လေးပတ် ၄၈ရက်ပဲရှိသေးတဲ့အတွက်ကြောင့် သူတို့ ရမန်တောင်းပိုင်ခွင့် ရှိပါသေးတယ်။"

လူငယ်၂ဦးကို အာမခံနဲ့ လွှတ်ပေးပြီးရင် သူတို့ လုံခြုံရေး အတွက် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကိုလည်း မြန်မာသံရုံး ကိုယ်စားပြုရှေ့နေက အခုလိုပြောဆိုခဲ့ပါတယ်။

" သံရုံးရဲ့ ထိန်းသိမ်းမှုအောက်မှာပဲ ရှိမှာပါ။ အာမခံရပြီဆိုရင် အာမခံက အမှုမပြီးမခြင်း တရားရုံးတက်တဲ့အခါမျိုးမှာ ပျက်ကွက်လို့ မရပါဘူး။ ဒါကြောင့်မို့ သံရုံးရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားမှာပါ။ တနေ့ကလည်း သူတို့ကို ထောင်ထဲ သွားတွေ့တယ်။ မနေ့ကလည်း တရားရုံးမှာ တွေ့တယ်။ ကျန်းမာရေး အခြေအနေကောင်းပါတယ်။ အားလုံး အမှုနဲ့ပတ်သက်လို့သူတို့က ပါဝင် ပတ်သက်ခြင်း မရှိတဲ့အတွက် သူတို့ကို ဒီအမှုက လွတ်အောင် ကြိုးစားပေးပါလို့ပဲ အထပ်ထပ်ပြောပါတယ်။"

ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား၂ဦး အသတ်ခံရမူ ဖြစ်အပြီး စွပ်စွဲခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ထိုင်းရှေနေများကောင်စီ ထိုင်းလူအခွင့်အရေးကော်မရှင်နဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရားခံတွေဟာ နှိပ်စက်ညှင်းပမ်းတာကြောင့် ထွက်ဆိုခဲ့ရကြောင်း နိုဝင်ဘာလ ၃ရက်နေ့ က ဘန်ကောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့တာပါ ။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမူတွေ အတွင်းနှိပ်စက်ငြင်းပမ်းခံရတယ်လို့ ပြောဆိုတဲ့အတွက် ထိုင်းရဲတွေကို မေးမြန်းဖို့ စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ ထိုင်းရဲတပ်ဖွဲ့က လာရောက်ခြင်း မရှိတဲ့အတွက် ဒီအမူနဲ့ပတ်သက်လို့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေး ဌာန (DSI)ကို အမူဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။

ကော့တောင်ကျွန်း လူသတ်မူဟာ စက်တင်ဘာလ ၁၅ရက်နေ့ကဖြစ်ပွားခဲ့ပြီး ၂ပတ်ကျော်အကြာမှာ မြန်မာလူငယ်တွေကို တရားခံတွေအဖြစ်ထိုုင်းရဲတွေက စွပ်စွဲခဲ့တာဖြစ်ပါတယ် ။ မြန်မာလူငယ်တွေကတော့ အစပိုင်းမှာ သူတိုသတ်ပါတယ်လို့ ဝန်ခံခဲ့၇ပေမဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်တွေ၊ ထိုင်းလူအခွင့်ရေးအဖွဲ့တွေ ထိုင်းရှေ့နေများကောင်စီက သွားရောက် စစ်ဆေးမေးမြန်းတဲ့ အခါမှာတော့ နှိပ်စက်ညှင်းပမ်းပြီး ထွက်ဆိုခိုင်းတာကြောင့် ဝန်ခံရပါတယ်လို့ ပြောဆိုပြီး ရဲ ခံဝန်ကိုပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

XS
SM
MD
LG