သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Microsoft ကုမ္ပဏီက စက်ရုပ် အစောင့်ချ


Katinka Hosszu of Hungary competes in one of the women's 200m Backstroke heats at the LEN European Aquatics Championships 2016 in London, Britain.
Katinka Hosszu of Hungary competes in one of the women's 200m Backstroke heats at the LEN European Aquatics Championships 2016 in London, Britain.

ငါးပေနီးပါးမြင့်ပြီး ပေါင် ၃၀၀ နီးပါးအလေးချိန်ရှိတဲ့ စက်ရုပ်အများအပြားကို အမေရိကန်ပြည်ထောင်စု၊ ဆီလီကွန် ဗဲလီးက Microsoft ကုမ္ပဏီဝင်းထဲမှာ လုံခြုံရေးအစောင့်တွေအဖြစ် ကင်းလှည့်စောင့်ကျပ်ဖို့ မကြာသေးခင်က စပြီးအသုံးပြုပါတယ်။

လေဆာတွေ၊ ကင်မရာတွေနဲ့ အာရုံခံကိရိယာအမျိုးမျိုး တပ်ဆင်ထားတဲ့ အလိုအလျောက်ရွေ့လျားတဲ့ စက်တွေကိုတော့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ငလျင်ဒဏ်သင့်သူတွေကို ရှာဖွေတဲ့နေရာမှာ အသုံးပြုနေပါပြီ။ ဒါပေမဲ့လည်း အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီကြီးက ကျည်ဆံပုံစံ စက်ရုပ်တွေကို အသုံးပြုပြီးတော့ နောက်တဆင့် တက်လိုက်တာပါ။

K5 လို့ခေါ်တဲ့ အဲဒီစက်ရုပ်တွေဟာ အပြင်မှာ လှည့်ပတ်ရွေ့လျားသွားလာပြီး လူသားအစောင့်တွေ လုပ်သလိုပဲ ဂိုဒေါင်တွေ၊ ကား ရပ်တဲ့နေရာတွေမှာ သူတို့မှာတပ်ထားတဲ့ HD ကင်မရာတွေနဲ့ အာရုံခံကိရိယာအမျိုးမျိုးကို အသုံးပြုပြီး လှည့်ပတ် စစ်ဆေးတာပါ။

ကားတွေရဲ့ လိုင်စင်နံပါတ်တွေကို ဖတ်နိုင်ပြီးတော့ သိမ်းထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်သလို ပုံမှန်မဟုတ် တဲ့အခြေအနေတွေ ကို စူးစမ်းလေ့လာပြီး ကြီးကြပ်သူတွေဆီ အစီရင်ခံနိုင်ပါတယ်။
သူတို့မှာ လက်နက်တော့ တပ်မထားပါဘူး။ အဲဒီအစား အခြေအနေကို စူးစမ်းလေ့လာပြီးတဲ့နောက် လိုအပ်သလို ဖြေရှင်းတာ ဒါမှမဟုတ် အသံနဲ့အချက်ပေးပြီး လူက လာလုပ်နိုင်အောင် ခေါ်ယူတာတွေလုပ်ဖို့ ပရိုဂရမ်ထည့်သွင်းထားတာပါ။ ဘက်ထရီက ၂၄ နာရီခံပြီး အချိန်ပြည့်သွားရင် စခန်းဆီပြန်ပြီးတော့ မိနစ် ၂၀ ကြာ ဘက်ထရီပြန်ဖြည့်ရပါတယ်။


XS
SM
MD
LG