သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ပိတ်ဆို့မှုအသစ် ချမှတ်ဖို့ အိုဘားမားပြင်ဆင်


ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးအခင်းမှာ ရုရှားရဲ့ ပါဝင်ပတ်သက်နေမှုကြောင့် အရေးယူပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ဖို့အတွက် ခွင့်ပြုတဲ့ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမားက ဆုံးဖြတ်လိုက်ပြီလို့ အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

အောက်လွှတ်တော်က ဆုံးဖြတ်ချက်ချထားတဲ့ အဲဒီဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အထက်လွှတ်တော်ကလည်း အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီဥပဒေက ယူကရိန်းအစိုးရကို လက်နက်နဲ့ လက်နက်မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာသန်း ၃၅၀ တန်ဖိုးထောက်ပံ့ဖို့ သမ္မတကို အခွင့်အာဏာ အပ်နှင်းတာ ဖြစ်ပါတယ်။

ဒီဖြစ်နိုင်ချေရှိတဲ့ အကူညီတွေထဲမှာ တင့်ကားဖျက်လက်နက်၊ စစ်လက်နက် ခဲယမ်းမီးကျောက်တွေ၊ လူလိုက်ပါခြင်းမရှိတဲ့ ထောက်လှမ်းရေး Drone လေယာဉ်တွေ ပါဝင်ပါတယ်။

ဒီဥပဒေထဲမှာ ရုရှားအနေနဲ့ ယူကရိန်း၊ ဂျော်ဂျီယာ၊ မော်လ်ဒိုဗား၊ ဆီးရီးယား အစရှိတဲ့ နိုင်ငံတွေကို စစ်ဘက်ဆိုင်ရာ ပစ္စည်းအသုံးဆောင်တွေ ရောင်းချရင် ဒါမှမဟုတ် လွှဲပြောင်းတင်ပို့တာမျိုး လုပ်ခဲ့ရင် ရုရှားနိုင်ငံရဲ့ စွမ်းအင်နဲ့ ကာကွယ်ရေးကဏ္ဍတွေကို ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်ဖို့ တောင်းဆိုထားတာတွေလည်း ပါဝင်ပါတယ်။

ယူကရိန်းလွတ်မြောက်ရေးအတွက် အကူညီပေး အက်ဥပဒေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ဆုံးဖြတ်ချက်ကို အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။ ဒါပေမဲ့ ဒီဥပဒေက အရေးယူပိတ်ဆို့မှုနဲ့ စစ်ရေးအကူညီ ပေးဖို့ မဖြစ်မနေ ပြုလုပ်ရမယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။

XS
SM
MD
LG