သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေထံ အထောက်အကူပေးမှု ကုလအခက်ကြုံ


ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။
ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။

မြန်မာနိုင်ငံမြောက်ပိုင်းက သူပုန်တွေထိန်းချုပ်ထားပြီး စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ထောင်နဲ့ချီတဲ့ လူတွေထံကို သွားလို့မရဖြစ်နေတာ ၂ လ ရှိနေပြီဖြစ်ပြီး မကြာခင်ကဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေနေတွေ တင်းမာနေသလို နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့တနှစ်ကျော်ကတည်းက လစဉ်ဆိုသလို လူပေါင်း ၃ သောင်းအတွက် အကူညီတွေ သယ်ပို့ပေးနေတဲ့ ယာဉ်တန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အစိုးရကထိန်းချုပ်ထားတဲ့ ဒေသအပြင်ကနေ ဖြတ်သန်းသွားလို့မရဘဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း ကူညီပေးမှုဆိုင်ရာဌာနက နိုဝင်ဘာလထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးအရ ချိုးဖောက်နေမှုတွေ ရှိနေတာရယ်၊ အစိုးရထိပ်ပိုင်းက လုပ်ဆောင်မှုတွေ နှောင့်နှေးကြန့်ကြာ နေရတာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ UNOCHA က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ တိုးမြှင့် ဖြစ်ပွားလာခဲ့ပြီးတဲ့နောက် အခုလို အခြေအနေနဲ့ ကြုံကြရတာပါ။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် World Food Program ကလည်း စားနပ်ရိက္ခာတွေ မတင်ပို့နိုင်ဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

အိမ်ယာစွန့်ခွာ ထွက်ပြေးနေကြရသူ ၂၇,၀၀၀ လောက်ရှိပြီး ကလေးငယ်တွေက ၁၂,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG