သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး တိုင်းရင်းသားအဆင့်မြင့်ညှိုနှိုင်းရေးအဖွဲ့ ဖျက်သိမ်း


Myanmar Ethnic Peace Talks
Myanmar Ethnic Peace Talks

တိုင်းရင်းသားလက်နက်ကိုင်တို့ ကိုယ်စား မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး ဦးဆောင် ဆွေးနွေးနေတဲ့ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က အတည်ပြု ပြောဆိုပါတယ်။

မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး စာချုပ် NCAမှာ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့က လက်မှတ်ထိုးဖို့ သဘောတူလိုက်ပြီး ၁၀ ဖွဲ့တို့ကတော့ လက်မှတ်ထိုးဖို့ ဆိုင်းငံ့လိုက်တာမို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ကိုယ်စား အစိုးရနဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက် စရာမရှိတော့တာကြောင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ SD ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း DKBA အရာရှိ တဦးက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိတော့တာကြောင့် အစိုးရနဲ့ တိုင်းရင်းသားတို့ကြားမှာ ဆွေးနွေးခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ပေါ်ပေါက်လာဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ သဘောကွဲလွဲမှု ရှိခဲ့ပြီး ဒီကနေ့ နောက်ဆုံးနေ့မှာ အခုလို SD အဖွဲ့ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG