သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်အစွန်းရောက်လှုပ်ရှားမှု ကျဆုံးမယ့်အကြောင်း Bin Laden မသေခင် ဟောကိန်းထုတ်


အနောက်အုပ်စုနိုင်ငံတွေအပေါ် အနိုင်မရမီ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ကြောင်း ထုတ်ပြန်မယ့် IS အစ္စလာမ်စစ်သွေးကြွတွေရဲ့ ကြိုးပမ်းမှု မှန်သမျှဟာ အောင်မြင်မှာ မဟုတ်တဲ့အကြောင်း Osama Bin Laden က သူမသေခင်က ကြိုတင် ဟောကိန်းထုတ်ခဲ့ပါတယ်။

ဘင်လာဒင် သေဆုံးခဲ့တဲ့ ပါကစ္စတန်နိုင်ငံ Abbottabad မြို့မှာရှိတဲ့ Al-Qaida ခေါင်းဆောင်ရဲ့ နေအိမ်ကို Navy Seal အမေရိကန် လက်ရွေးစင်တပ်ဖွဲ့တွေက ၂၀၁၁ ခုနှစ်အတွင်း ဝင်ရောက် စီးနှင်းမှုကနေ သိမ်းဆည်းရမိခဲ့တဲ့ စာရွက်စာတမ်းတွေထဲကနေ လျှို့ဝှက်အဆင့် လျော့ချပြီး ထုတ်ပြန်လိုက်တဲ့ အထောက်အထား ၁၁၃ မျက်နှာထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

အာရပ်လိုရေးထားပြီး အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက ဘာသာပြန်ထားတဲ့ အဲဒီ အထောက်အထားတွေအရ ဘင်လာဒင်ဟာ စီမံကွပ်ကဲရေးမှာ လက်တွေ့ကျပြီး သူထူထောင်ခဲ့တဲ့အဖွဲ့ ပြိုပျက်မသွားအောင် ကြိုးစားလုပ်ဆောင်နေတဲ့ တချိန်ထဲမှာပဲ စိုးရိမ် သံသယစိတ်တွေ ကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၀၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို အမိန့်ပေးခဲ့တဲ့ ဘင်လာဒင်က သူ့ရဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၉ သန်းခန့်ကနေ အများစုကို အလ္လာရှင်မြတ်အတွက် ဂျီဟတ်ဘာသာရေးစစ်ဆင်နွဲဖို့ အသုံးပြုစေလိုကြောင်း သေတမ်းစာ ရေးထားခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG