သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၁၆ နှစ်ကျောင်းသူ IS ကို ငွေကြေးကူညီမှုနဲ့ Australia ဖမ်းဆီး


သြစတြေးလျနိုင်ငံမှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေအတွက် ရန်ပုံငွေရှာပေးမှု ဖမ်းဆီးခံခဲ့ရသူ ၂ ဦးအနက် ၁ ဦးဟာ ၁၆ အရွယ် သြစတြေးလျကျောင်းသူ ဖြစ်ပါတယ်။

အဲဒီ ကျောင်းသူလေးနဲ့အတူ အသက် ၂၀ အမျိုးသားတဦးတို့ကို Sydney မြို့ ဆင်ခြေဖုံးအရပ်မှာရှိတဲ့ Guildford အရပ်မှာ အင်္ဂါနေ့က ဖမ်းဆီးလိုက်ကြောင်း New South Wales ပြည်နယ် လက်ထောက်ရဲမင်းကြီး Catherine Burn က ပြောပါတယ်။ သူတို့ ၂ ဦးကို အကြမ်းဖက်မှု လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့မှုနဲ့ အင်္ဂါနေ့နှောင်းပိုင်းမှာ တရားဝင် စွဲချက်တင်လိမ့်မယ်လို့ မျှော်လင့်ရပြီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ရင်တော့ အများဆုံး ထောင်ဒဏ် ၂၅ နှစ်စီ ကျခံရနိုင်ပါတယ်။

အဲဒီ ရန်ပုံငွေရှာမှုဟာ ပြည်တွင်းမှာ ပြုလုပ်မယ့် အကြမ်းဖက်မှု အစီအစဉ်တွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ပြည်ထောင်စု လက်ထောက်ရဲမင်းကြီး Michael Phelan က ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်မှု၊ သို့တည်းမှုမဟုတ် အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေအတွက် ၂၀၁၄ ခုနှစ်ကစလို့ အဆင့်မြင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားတာပါ။ အာဏာပိုင်တွေကလည်း နိုင်ငံတဝှမ်း အကြမ်းဖက်မှု ဆန့်ကျင်ရေး ဝင်ရောက် ဖမ်းဆီး နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တာမှာ တိုင်းပြည်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေသူလို့ သံသယရှိခံရသူနဲ့ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ပါဝင် ပတ်သက်မှုရှိသူ အနဲဆုံး ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

XS
SM
MD
LG