သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြဇာကြီး ကမ္ဘာ့ခေါင်းဆောင် စာရင်း ဒေါ်စု တတိယနေရာရှိ


Fortune World Leaders 50
Fortune World Leaders 50
နယူးယောက်အခြေစိုက် Fortune မဂ္ဂဇင်းကနေ ၂၀၁၆ ခုနှစ် သြဇာကြီးမားတဲ့ ကမ္ဘာ့ခေါင်းဆောင်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းမှာဖော်ပြခံရသူတွေ ဟာ ထင်ရှားတဲ့သူတွေဖြစ်နိုင်သလို တချို့ကလည်း နာမည်ကျော်ကြားခြင်း မရှိပေမယ့် လူသားအကျိုးပြုလုပ်ငန်းတွေကို တနည်းနည်းနဲ့ လုပ်ကိုင်ပေးနေသူတွေဖြစ်ကြ ပါတယ်။
ဒီနှစ် စာရင်းထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က တတိယနေရာမှာ ရှိနေပြီး အမေဇုံ အွန်လိုင်းကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှုး Jeff Benzos က ပထမနေရာနဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel တို့က ဒုတိယနေရာ မှာ အသီးသီးရှိနေကြတာပါ။

အမေဇုံ အွန်လိုင်းကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှုး Jeff Benzos ကသူ့ရဲ့ သူမတူတဲ့ ဦးဆောင်မှုစွမ်းရည်ကြောင့် ရွေးချယ်ခံရတာဖြစ်သလို၊ ဥရောပနိုင်ငံရေးမှာ ၁၀ စုနှစ် နဲ့ချီကြာအောင် လွှမ်းမိုးခဲ့တဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကတော့ ရွှေ့ပြောင်း ဒုက္ခသည် ၁ သန်းကျော်ကို ကယ်တင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်သူကမှ မျှော်မှန်းမထားတဲ့ ရာစုနှစ်ဝက်ကြာအောင် ပိတ်ပင်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီရေးလမ်းကြောင်းကို ဦးဆောင်ပြောင်းလဲပေးခဲ့သူအဖြစ် Fortune မဂ္ဂဇင်းကဖော်ပြပါတယ်။

ဒါ့အပြင် နှစ်စဉ်နှစ်တိုင်း Fortune မဂ္ဂဇင်းရဲ့ ထင်ရှားသူစာရင်းတွေမှာပါလေ့ရှိတဲ့ ပုဒ်ရဟန်းမင်းကြီး ဖရန်စစ်က နံပါတ် လေးနေရာမှာဖြစ်ပြီး Apple ကုမ္ပဏီအကြီးအကဲ Tim Cook ကနံပါတ် ၅ နေရာမှာ အသီးသီးဖော်ပြခံ ထားရတာဖြစ်ပါတယ်။
XS
SM
MD
LG