သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-ဥရောပ အစည်းအဝေးအတွက် ခေါင်းဆောင်တွေ ရောက်ရှိ


Australia's Prime Minister Julia Gillard arrives at Wattay International Airport in Vientiane, Laos, Sunday, Nov. 4, 2012. Gillard is scheduled to attend the Asia-Europe Meeting (ASEM) on Monday and Tuesday. (AP Photo/Sakchai Lalit)
Australia's Prime Minister Julia Gillard arrives at Wattay International Airport in Vientiane, Laos, Sunday, Nov. 4, 2012. Gillard is scheduled to attend the Asia-Europe Meeting (ASEM) on Monday and Tuesday. (AP Photo/Sakchai Lalit)
မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နဲ့ ဥရောပနိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေသတွင်းနဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေ လာအိုနိုင်ငံ ဗီယမ်ကျန်း မြို့တော်ကို တနင်္ဂနွေနေ့က ရောက်ရှိလာကြပါတယ်။ ဒီကနေ့ စတင်ကျင်းပမယ့် (၉) ကြိမ်မြောက် ASEM အစည်းအဝေးပွဲ အတွင်းမှာတော့ စီးပွားရေး ကိစ္စတွေကို အလေးထား ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့်ကတော့ ဥရောပ နိုင်ငံတွေမှာ အစိုးရတွေ ကြွေးမြီပြဿနာတွေ နဲ့ ရင်ဆိုင်နေရချိန်မှာ ဖွံ့ဖြိုးမှုတွေ အားကောင်း လာနေတဲ့ အာရှဒေသနဲ့ ဆက်ဆံရေးဟာ အရေးပါ အရာရောက်နေတာပါ။

ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဥရောပ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ Jose Manuel Barrosso ကတော့ တနေ့တခြား အရေးပါလာနေတဲ့ အာရှဒေသနဲ့ ဆက်ဆံရေးဟာ အရေးကြီးတဲ့အကြောင်း တနင်္ဂနွေနေ့က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ စီးပွားရေး ကိစ္စရပ်တွေအပြင် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိစ္စရပ်တွေကို လည်း ဆွေးနွေးကြမှာပါ။

၁၉၉၆ ခုနှစ်က နိုင်ငံပေါင်း ၂၆ နိုင်ငံနဲ့ စတင်ကျင်းပခဲ့တဲ့ အာဆီယံနဲ့ ဥရောပ ထိပ်သီး ဆွေးနွေးပွဲတွေကိုတော့ မြန်မာနိုင်ငံက ၂၀၀၄ ခုနှစ်ကျမှ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတကြိမ် အစည်းအဝေးကိုတော့ သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် စတဲ့ အစိုးရ တာဝန်ရှိသူတွေလည်း လိုက်ပါခဲ့ ကြပါတယ်။
XS
SM
MD
LG